နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ ဗီတာမင်၊ အာဟာရ၊ antioxidants စတဲ့ ဓာတ်တွေပြည့်ဝနေဖို့လိုပါတယ်။ အခုပြောပြပေမယ့် စားစရာတွေကို နေ့စဉ်စားသုံးခြင်းအားဖြင့် အားအင်ပြည့် ဖြိုးခြင်း၊ ရောဂါကင်းစင်ခြင်းနဲ့ အသက်ရှည်ရှည်နေနိုင်အောင် ကူညီပေးပါလိမ့်မယ်။
(၁) Green Tea
Green Tea ကို နေ့စဉ်သောက်ခြင်းဟာ ကိုယ်အလေးချိန်ကို လျော့ကျစေတယ်လို့ သုသေသနတွေအရ သိရပါတယ်။ လက်ဖက်ရွက်မှာ ပါဝင်တဲ့ catechins ဟာ antioxidants ကြွယ်ဝတဲ့အတွက် ဖျားနာခြင်းကို ကာကွယ်ပေးပါတယ်။
(၂) Blueberries
Blueburries ဟာ antioxidants အကြွယ်ဝဆုံး အသီးတမျိုးဖြစ်ပါတယ်။ Blueberries ကို နေ့စဉ်စားသုံးခြင်းဟာ နှလုံးရောဂါကို ကာကွယ်ပေးပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ Blueberries မှာ ဗီတာမင်စီ ပါဝင်ပြီး အမျှင်ဓာတ်လည်း များစွာပါဝင်ပါတယ်။
(၃) ငရုတ်ပွ
ငရုတ်ပွမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အီး ဓာတ်ဟာ ကျန်းမာရေးမကြာခဏ ချို့ယွင်းခြင်းကို ကာကွယ်ပေး ပါတယ်။ ငရုတ်ပွဟာ အစိမ်းရောင်၊လိမ္မော်ရောင်နဲ့ အနီရောင်တွေရှိပြီး အရောင်အလိုက် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။
(၄) ထောပတ်သီး
ထောပတ်သီးစားခြင်းဟာ ခန္ဓာကိုယ်အဆီတိုးတဲ့လို့ သတ်မှတ်ကြတဲ့အတွက် အချို့တွေက ရှောင်ကြဉ်ကြပါတယ်။ ဒါပေမယ့် ထောပတ်သီးမှာ ပါဝင်တဲ့ အဆီဓာတ်ဟာ သင့်ရဲ့ ကိုလက်စထရောကိုမြှင့်တင်ပေးပြီး အဆီဖြစ်စေခြင်းကို လျော့ချပေးပါတယ် ။ဒီအဆီဓာတ်ဟာ နှလုံးရောဂါဖြစ်ခြင်းကို လျော့ချပေးပါတယ်။
(၅) ပန်းသီး
ပန်းသီးမှာ antioxidants ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီဓာတ်ဟာ ပန်းသီးရဲ့ အခွံမှာပါဝင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပန်းသီးစားရင် အခွံမခွာဘဲ ညဖက်ကို စားသင့်ပါတယ်။ ဒီနေရာမှာ အကြံပြုချင်တာ ကတော့ အော်ဂဲနစ်စစ်စစ်ကို ဝယ်စားဖို့လိုပါတယ်။
ပန်းသီးမှာ အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင် တာကြောင့် နှလုံးရောဂါ၊ဆီးချိုရောဂါကို ကာကွယ်ပေးပြီး ဦးနှောက်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
Ref;curejoy.com