အစားအသောက်နဲ့ ပတ်သက်ရင် အစားသောင်းကျန်းပါတယ် ဆိုတဲ့သူတွေကိုတောင် အခုဖော်ပြပေးမယ့် အစားအသောက်တွေ သွားကျွေးရင် ငြင်းနိုင်ချေရှိပါတယ်။ ပုံမှန်ထက် ထူးကဲပြီး သင့်ကို စားဖို့ ဖိတ်ခေါ်ရင်တောင် အစမ်းစားကြည့်ဖို့ အကြိမ်ကြိမ်တွေးယူရမယ် အစားအသောက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Snake Wine
ဒီတခုကတော့ စာရေးသူတို့ အာရှနိုင်ငံတွေမှာ မြင်ဖူးတွေ့ဖူးပြီးသား အရက်အမျိုးအစားဖြစ်ပါတယ်။ မြွေကို ဝိုင်ထဲမှာ စိမ်ထားပြီး အဲ့ဒီဝိုင်ကို သောက်ကြတာ ဖြစ်ပါတယ်။
(၂) Smoker’s Caugh (Jagermeister+Mayonnaise)
ဆေးလိပ်သောက်သူတွေရဲ့ ချွဲပုံစံ ဖြစ်နေတဲ့ ဒီသောက်စရာအရက်ကတော့ Jagermeister တအောင်စကို Mayonnaise တဇွန်းထည့်ပြီး သောက်ရတာဖြစ်ပါတယ်။
(၃) Prairie Oyster
Prairie Oyster ဟာ ကြက်ဥအစိမ်းတလုံး၊ ခရမ်းချဉ်သီးဆော့စ်၊ ခရုဆီ၊ ရှာလကာရည်၊ ဆားနဲ့ ငရုတ်ကောင်းတွေကို ရောပြီး ဖျော်သောက်ရတာ ဖြစ်ပါတယ်။
(၄) Bilk(Beer+Milk)
အပေါ်မှာ ပြောပြခဲ့တာတွေထက်စာရင်တော့ ဒါကတော်ပါသေးတယ်။ Bilk ဆိုတာ နွားနို့နဲ့ ဘီယာကို အချိုးကျကျ ရောထားတဲ့ သောက်စရာဖြစ်ပါတယ်။ ဒီအရည်ကို ဂျပန်နိုင်ငံက အရက်ချက်စက်ရုံတခုဖြစ်တဲ့ Abishiri စက်ရုံက ထုတ်လုပ်ထားတာပါ။
(၅)ဒိန်ချဉ်အရသာ Pepsi
ဒိန်ချဉ်အရသာ Pepsi ကို ဂျပန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်က စတင်ရောင်းချခဲ့ပါတယ်။ ရိုးရိုး Pepsi ကို သောက်ရတာ ငြီးငွေ့လာသူတွေအတွက် ဒီ ဒိန်ချဉ် Pepsi ကိုရောင်းချခဲ့တာဖြစ်ပြီး ဒိန်ချဉ်အရသာ Pepsi လို့ ခေါ်ပေမယ့် ပါဝင်ပစ္စည်းစာရင်းထဲမှာတော့ ဒိန်ချဉ်ကို ထည့်သွင်းရေးသားထားခြင်း မရှိပါဘူး။
အလားတူ ဖြစ်ရပ်အနေနဲ့ ရုရှားနိုင်ငံ၊ရိုမေးနီးယားနိုင်ငံနဲ့ ဥရောပနိုင်ငံအချို့မှာလည်း Cappuccino Pepsi တွေလည်း ခေတ်စားခဲ့ပါသေးတယ်။
(၆) ကြက်သွန်ဖြူ Coca Cola
၂၀၁၇ ခုနှစ်ကစပြီး ဂျပန်နိုင်ငံမှာ ရောင်းချခဲ့တဲ့ ဒီဖျော်ရည်ကို လူတွေ အတော်နှစ်သက်ကြတယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူ Coca Cola ဟာ ပုံမှန် Coca Cola နဲ့ ကြက်သွန်ဖြူကို ရောထည့်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref;Brightside.com