လူ့သက်တမ်း တိုတိုလေးမှာ ရှိရှိသမျှ အစားအစာတွေကို လိုက်လံ မြည်းစမ်းနေဖို့ အချိန် မရှိပါဘူး။ ယခုစာရင်းဟာဆိုရင် အစားအစာ မီနူးတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျွမ်းကျင် ပညာရှင်ကြီးများက စာရင်း ပြုစုထားတဲ့ ကမ္ဘာပေါ်ကနိုင်ငံတချို့ရဲ့ နာမည်ကြီး အစားအစာတွေကို ဧရာဝတီ စာဖတ် ပရိသတ်အတွက် ပြန်လည်မျှပေးလိုက်ရပါတယ်။
(၁) ထောပတ်သီး အသားညှပ်ပေါင်မုန့်
ကမ္ဘာပေါ်မှာ ထောပတ်သီးအများဆုံးထွက်ရှိရာ နိုင်ငံတခုဖြစ်တဲ့ ချီလီနိုင်ငံရဲ့ ဒေသထွက် အစားအစာတခု ဖြစ်တဲ့ ထောပတ်သီး အသားညှပ်ပေါင်မုန့်ဟာဆိုရင်တော့ အရသာကြောင့် နာမည်ကြီးလှသလို ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ထောပတ်သီး၊ ခရမ်းချဉ်သီးနဲ့ mayonnaise စတာတွေကြောင့်လည်း ချီလီနိုင်ငံက ကျန်းမာရေး လိုက်စားသူတွေကြား ရေပန်းစားလှတဲ့ အစားအစာတမျိုးလည်း ဖြစ်ပါတယ်။
(၂) Churros
စပိန်နိုင်ငံရဲ့ အချိုပွဲတွေထဲမှာ နာမည်ကြီး အစားအစာတခုကတော့ ချောကလက်ပူပူ တခွက်နဲ့ မုန့်အချိုချောင်းကို တွဲဖက်စားသုံးရတဲ့ Churros ပဲ ဖြစ်ပါတယ်။ စပိန်လူမျိုးတွေဟာ ဒီအစားအစာကို မနက်စာအဖြစ် စားသုံးလေ့ ရှိကြပါတယ်။
(၃) သားပိုက်ကောင် ဟင်းလျာ
သြစတြေးလျနိုင်ငံဟာ သားပိုက်ကောင်တွေအများဆုံး နေထိုင်ကျက်စားကြတဲ့ နိုင်ငံတခု ဖြစ်တာနဲ့အညီ သားပိုက်ကောင်သားကိုလည်း အထူးဟင်းလျာ တခုအနေနဲ့ စားသုံးလေ့ ရှိကြပါတယ်။ သားပိုက်ကောင်သားမှာ ပရိုတင်းဓာတ်အများဆုံး ပါဝင်ပြီး အဆီဓာတ်နည်းပါးစွာ ပါဝင်တာကြောင့် သြစတြေးလျနိုင်ငံသားတွေဟာ နှစ်ခြိုက်စွာ စားသုံးလေ့ ရှိကြပါတယ်။
(၄) Saag Paneer ဟင်း
အိန္ဒိယလူမျိုးတွေ နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိကြတဲ့ Saag Paneer ဟင်းလျာဟာဆိုရင်တော့ ဟင်းနုနွယ်ရွက်ကို ကြိတ်ချေပြီး ချိစ်အတုံးတွေနဲ့ ရောနှောချက်ပြုတ်ထားတာပဲဖြစ်ပါတယ်။ ဒီဟင်းလျာရဲ့ ထူးကဲတဲ့ အရသာကို သိရှိနိုင်ဖို့ အတွက် တကြိမ်တခါလောက်တော့ မြည်းစမ်းကြည့်သင့်ပါတယ်။
(၅) ကျောက်ပုစွန်အသားညှပ် ပေါင်မုန့်
ကျောက်ပုစွန်ကို ထောပတ်၊ mayonnaise ၊ ငရုတ်ကောင်း ၊သံပုရာရည်တို့နဲ့ ပြုလုပ်ထားတဲ့ ကျောက်ပုစွန်အသားညှပ် ပေါင်မုန့်ဟာဆိုရင်တော့ အမေရိကန်ရဲ့ ထိပ်တန်းအဆာပြေ အစားအစာတွေထဲက တခုဖြစ်ပြီး ကျောက်ပုစွန်ကြိုက် နှစ်သက်သူတွေ စားကြည့်သင့်တဲ့ အစားအစာ တမျိုးလည်း ဖြစ်ပါတယ်။
(၆) Queso Helado ရေခဲမုန့်
ချိစ်နဲ့ပြုလုပ်ထားတဲ့ ရေခဲမုန့် (Queso Helado) ကတော့ ပီရူးနိုင်ငံရဲ့ နာမည်ကြီး အစားအစာ တခုဖြစ်ပြီး ရေခဲမုန့်ထဲမှာ သစ်ကြံပိုးခေါက်မှုန့် ထည့်သွင်းစားသုံးတာကလည်း ထူးထူးခြားခြား ဖြစ်တာကြောင့် မြည်းစမ်းကြည့်သင့်တဲ့ အစားအစာ တမျိုးပဲဖြစ်ပါတယ်။
(၇) Quebecois
ပြင်သစ်လူမျိုးတွေရဲ့ ရိုးရာအစားအစာတမျိုးဖြစ်တဲ့ Quebecois ကတော့ ချိစ် အချောင်းတွေကို ဟင်းအနှစ်နဲ့ တွဲဖက်စားသုံးရတဲ့အစားအစာပဲဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင် ကြက်သွန်၊ အသားစတာတွေ ထပ်မံဖြည့်သွင်းပြီး စားသုံးလာကြတဲ့ ကမ္ဘာကျော်အစားအစာတမျိုးလည်း ဖြစ်ပါတယ်။
Ref: www.smartertravel.com