Food

အစိမ်းစားခြင်းကို ရှောင်ကြဉ်သင့်တဲ့ အစားအစာ ၅ မျိုး

Want create site? Find Free WordPress Themes and plugins.

နေ့စဉ်စားသုံးနေတဲ့ အသီးအနှံတွေထဲမှာ ချက်ပြုတ်ပြီးမှ စားသုံးကြတဲ့ အစားအစာတွေလည်း ရှိသလို အစိမ်းစားကြတဲ့ အစားအစာတွေလည်း ရှိပါတယ်။ ဘယ်လို အစားအစာမျိုးတွေကတော့ အစိမ်းမစားသင့်ဘူးလဲ ဆိုတာ ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ကျန်းမာရေး ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ပဲသီး

ပဲသီး အမျိုးအစား တော်တော်များများမှာ amino acid ပါဝင်တာကြောင့် အစိမ်းစားတဲ့အခါ ဗိုက်နာတာမျိုးနဲ့ အစာအိမ်မှာ မအီမသာ ခံစားရတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) မှို

လူအများစုဟာ မှိုစားသုံးရတာကို ကြိုက်နှစ်သက်ကြပြီး မှိုမှာ ပါဝင်တဲ့ microbes ဆိုတဲ့ ဓာတ်ဟာ ကြော်စား၊ ချက်စားတာ မျိုးတွေမှာ ပြဿနာ မရှိပေမယ့် အစိမ်းစားမယ်ဆိုရင်တော့ အစာအဆိပ်သင့်တာမျိုးနဲ့ အစာအိမ်နာကျင်ခြင်းတွေကို ခံစားရစေနိုင်ပါတယ်။

(၃) ခရမ်းသီး

မချက်ပြုတ်ရသေးတဲ့ ခရမ်းသီးတွေမှာ solanine ဓာတ် ပါဝင်မှုများပြားတာကြောင့် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ အစာအိမ်၊ အူ ရောင်ရမ်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် solanine ဓာတ်ဟာ ခန္ဓာကိုယ်တွင်းက ကယ်လ်ဆီယမ် စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး ခေါင်းကိုက်တာနဲ့ ပျို့အန်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၄) ကြက်ဥ

ကြက်ဥအစိမ်းမှာ ပါဝင်တဲ့ salmonella နဲ့ တခြားသော ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်အတွက် ကျန်းမာရေး ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကြက်ဥ အစိမ်းစားသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၅) ပန်းဂေါ်ဖီစိမ်း

ဘရိုကိုလီလို့လည်း ခေါ်ကြတဲ့ ပန်းဂေါ်ဖီစိမ်းမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ များစွာ ပါဝင်ပြီး ချက်ပြုတ်စားခြင်းကသာ ကျန်းမာရေးအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းကို အစိမ်းစားတဲ့အခါမှာ သူ့မှာပါဝင်တဲ့ သကြားဓာတ်ကြောင့် အစာခြေဖျက်ရာမှာ နှောင့်နှေးစေပြီး အစာအိမ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Ref : recipes.timesofindia.com

Did you find apk for android? You can find new Free Android Games and apps.
Loading