အသင့်စား စားသောက်ဆိုင်တွေရဲ့ Logo တွေမှာ ဘာကြောင့် အဝါရောင် အမြဲပါနေတာလဲလို့ စဉ်းစားဖူးပါသလား။ “Mc Donald,Burger King,Pizza Hut” စတဲ့ Logo တွေမှာ အဝါရောင်တွေ ပါပါတယ်။
ဒီလို အဝါရောင်ကို အသုံးပြုရတဲ့ အကြောင်းအရင်းကတော့ လူတွေဟာ အစားအသောက်တခုကို ဝယ်ဖို့ ဆုံးဖြတ်ချိန်ကို စက္ကန့် ၉၀ အတွင်း ချလေ့ရှိပါတယ်။ ဒီလို ဆုံးဖြတ်ချက်ကို ချတဲ့အချိန်မှာ လူတွေဟာ ကိုယ်မြင်ရတဲ့ အရောင်ကို အခြေခံပြီး ဆုံးဖြတ်ချက် ချလေ့ရှိပါတယ်။ အဝါရောင်ဟာ လူတွေကို နွေးထွေးခြင်းနဲ့ သက်သောင့်သက်သာဖြစ်စေခြင်းတို့ကို ပေးပါတယ်။ ဒါကြောင့် လူတွေဟာ ဒီ အဝါရောင်ပါတဲ့ Logo ကို တွေ့ရတာနဲ့ ဝမ်းသာသွားကြတာဖြစ်တယ်လို့ သုသေသနတွေအရ သိရပါတယ်။
ဒါ့အပြင် အဝါရောင်ကို အနီရောင်နဲ့ တွဲခြင်းအားဖြင့် မျက်လုံးထဲ ပိုပြီးစွဲစေပါတယ်။ ဒီအနီနဲ့ အဝါရောင် အတွဲဟာ လူတွေကို ဗိုက်ဆာစေပြီး တခုခုဆိုရင် စိတ်လိုက်မာန်ပါလုပ်အောင် လှုံ့ဆော်ပေးပါတယ်။
စီးပွားရေး အကြံပေးတယောက်ရဲ့ ဖြစ်တဲ့ Nikki Hesford ရဲ့ပြောကြားချက်အရ အရောင်းမြှင့်တင်ရေး ဆိုတာဟာ လူတွေရဲ့ စိတ်ခံစားချက်နဲ့ လိုက်ပြီး ပြုလုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူတွေရဲ့ စိတ်ကူးအိပ်မက်တွေကို အခြေခံပြီး ဇာတ်လမ်းပြုလုပ် ကြော်ငြာရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီလို အရောင်းမြှင့်တင်ရေးတွေ ပြုလုပ်ဖို့ အတွက် အရေးအကြီးဆုံးက အရောင်တွေနဲ့ ဆော့ကစားနိုင်မှ ဖြစ်ပါမယ်။ ဒါကြောင့် သင့်စိတ်ထဲက အစာစားချင်စိတ်တွေကို နှိုးဆော်ပေးဖို့ အဝါရောင်ကို ထည့်သွင်းအသုံးပြုတာ ဖြစ်တယ်လို့ သိရပါတယ်။
“တကယ်လို့သာ သင်ကုန်ပစ္စည်းအတွက် ရွေးချယ်တဲ့ အရောင်ဟာ လူတွေရဲ့ စိတ်နဲ့ ကိုက်ညီမယ်ဆိုရင် သင့် Brand ဟာ အောင်မြင်မှုရမှာ သေချာပါတယ်” လို့ အဲ့ဒီ စီးပွားရေးအကြံပေးက ပြောဆိုထားပါတယ်။ ဒါ့အပြင် သင်ဟာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ကုန်ပစ္စည်းတွေကို ရောင်းချမယ်ဆိုရင် အစိမ်းရောင်ကို အသုံးပြုခြင်းက သင့်ရဲ့ ကုန်ပစ္စည်းကို လူကြိုက်များ စေမှာပါ။
Ref;compo.com