ဟော့ပေါ့ကို ဈေးကြီးလို့ တယောက်ချင်းဆို အနည်းဆုံး ၁ သောင်းလောက်ဖြုန်းမှ ဟော့ပေ့ါ သွားစားလို့ ရတဲ့အခြေအနေကနေ ဘတ်ဂျက်နဲ့တွက်ပြီး ဟော့ပေ့ါ အဝစားနိုင်မယ့် ဆိုင်လေးကို ပြောပြပေးချင်ပါတယ်။
စာရေးသူတို့ သွားစားခဲ့ဲတဲ့ဆိုင်က “တိုကျို တုတ်ထိုးဟော့ပေ့ါ” ပါ။ နေရာက လှည်းတန်းစင်တာမှာ ရှိပါတယ်။ လှည်းတန်းစင်တာ အပေါ်ဆုံးထပ်က အစားအသောက်တန်းမှာ သွားရှာလို့ရပါတယ်။ ဒီဆိုင်ရဲ့ အများနဲ့မတူတဲ့အချက်ကတော့ အသားချောင်းတွေက ၂၀၀ တန်ကစပြီး ၅၀၀၊ ၁၀၀၀ အထိ မျိုးစုံရှိပါတယ်။
ဘယ်အသားချောင်းက ဘယ်ဈေးရှိသလဲဆိုတာ သိရတဲ့အတွက် ကိုယ့်ဘာသာကိုယ် ချင့်ချိန်စားလို့ ရပါတယ်။ အသားချောင်း တွေထဲမှာ ဆိုရင် ဝက်သား၊ ကြက်သား၊ ရေဘဝဲ၊ ပုစွန်စသဖြင့် အစုံ ရှိပါတယ်။ ဟော့ပေါ့အရည်က တုံယမ်း၊ မာလာ၊ ဆာချာ၊ ပင်လယ်စာ၊ အချို၊ အစပ်ဆိုပြီး ၆ မျိုးလောက် ရှိပါတယ်။
အရွက်တွေက ကန်စွန်း၊ ရုံးပတီသီး၊ မုန်ညင်း စသဖြင့် အမယ်စုံပါတယ်။ ဟင်းရွက်တွေကတော့ ဘာယူယူ တချောင်းမှ ၁၀၀ ကျပ်ပဲ ကုန်ကျတာကြောင့် ပေးရတဲ့ဈေးနဲ့ တန်ပါတယ်။ အဝစားလို့ရတာကြောင့် ဘတ်ဂျက်ချွေတာချင်သူတွေ သဘောကျမှာ သေချာပါတယ်။
ဟော့ပေါ့တင်မကဘဲ မာလာရှမ်းကောလည်း စားချင်ရင် မှာစားလို့ ရပါသေးတယ်။ ကိုယ်ရွေးယူထားတဲ့ အသားရယ် ခေါက်ဆွဲကို ပေးမယ်ဆိုရင် မာလာရှမ်းကော ချက်ပေးပါတယ်။ မာလာရှမ်းကောက စပ်ပြီး အထုံ နည်းနည်းများတာကြောင့် အထုံ မကြိုက်သူတွေက အထုံ လျှော့မှာလို့ ရပါတယ်။
စားတာတွေများပြီး ရေငတ်လာပြီဆိုရင်တော့ အအေးဖျော်ရည်ရှိပါတယ်။ အအေးကတော့ အရသာ ၂ မျိုးနဲ့ ရပြီး ကြိုက်သလောက် အဝသောက် တယောက်ကို ၅၀၀ ကျပ် ကျသင့်ပါတယ်။ ဒီလိုမျိုးတန်တဲ့ ဆိုင်ကိုသွားစားမယ်ဆိုရင်တော့ ပိတ်ရက်မဟုတ်ဘဲ ကြားရက်သွားဖို့ အကြံပြုချင်ပါတယ်။ ပိတ်ရက်က လူတွေများတာကြောင့် နည်းနည်းတော့ စောင့်ရပါလိမ့်မယ်။
ဆိုင်ခွဲ အနေနဲ့ ၆ ဆိုင်ရှိတယ်လို့ သိရပါတယ်။ လှည်းတန်းစင်တာ၊ စိန်ဂေဟာစင်တာ (ဒဂုံ)၊ စံပြဘုန်းကြီလမ်း စတဲ့ အထင်ကရ နေရာတွမှာ ရှိတာကြောင့် နီးစပ်ရာမှာ သွားရောက် မြည်းစမ်းကြည့်ဖို့ ညွှန်ပေးလိုက်ပါတယ်။