ပညာရှင်တွေရဲ့ လေ့လာချက်အသစ်အရ မနက် နိုးနိုးချင်း ဗိုက်ထဲ အစာမရှိချိန်မှာ ပိန္နဲသီး ၇ ရက် ဆက်တိုက် ကျွေးကြည့်တဲ့အခါ ထူးခြားတဲ့ ရလဒ်တွေကို ရခဲ့ကြပါတယ်။ ပိန္နဲသီးဟာ အပူပိုင်း ရာသီဥတုမှာ ပေါက်ရောက်တဲ့ အသီး ဖြစ်ပြီး အနံ့အရသာနဲ့ ပြည့်စုံကာ အာဟာရတန်ဖိုးမြင့်တဲ့ အသီးလည်းဖြစ်ပါတယ်။
ပိန္နဲသီးမှာ လူကိုအကျိုးပြုတဲ့ အာဟာရဓာတ်တွေပါတယ် ဆိုပေမယ့် လူတော်တော် များများကတော့ မြည်းစမ်း ကြည့်ဖို့ တွန့်ဆုတ်နေဆဲပါ။ အထူးသဖြင့် မနက်အစောကြီး အစား မစားရသေးတဲ့ အချိန်ပေါ့။ ဒါပေမယ့် အချက်အလက်တွေအရ ပိန္နဲသီးမှာပါတဲ့ အာဟာရဓာတ်တွေက ကိုယ်တွင်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးမွှားတွေကို တိုက်ဖျက်ကာ အသားရေကို လှပစေတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ အားသာချက်တွေထွက်လာလို့ ပိန္နဲသီးဟာ သက်သတ်လွတ်စားပြီး ကိုယ်အလေးချိန် လျော့ချချင်သူတွေ အတွက် အသားအစားထိုး အစားအစာလို့တောင် သတ်မှတ်ကြတာပါ။ ပိန္နဲသီးကို သက်သတ်လွတ် ဝက်သားလို့ တင်စားထားပါတယ်။
ဗီတာမင်၊ သတ္တုဓာတ်ပါဝင်တဲ့ ပိန္နဲသီးဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အသီးဖြစ်ပြီး ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ဘီဆစ်၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ပရိုတိန်း တို့အပြင် Lignas၊ Isoflavones နဲ့ Saponins တို့လည်း ပါဝင် ပါသေးတယ်။
နောက်ထပ် အကျိုးပြုတဲ့ဓာတ်တမျိုးကတော့ အသီးအရွက်တွေကနေပဲ ရနိုင်တဲ့ အာဟာရဓာတ်ပါ။ ကိုယ်တွင်း အနာတမျိုးဖြစ်တဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးပြီး၊ ကင်ဆာဆဲလ်တိုးပွားမှုကိုလည်း တားဆီးပေးနိုင်တာမို့ အစာအိမ် အနာကတဆင့် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် ဗိုက်ထဲ အစာမရှိတဲ့အချိန် ဒါမှမဟုတ် အစာနဲ့ ဝေးတဲ့အချိန်တွေမှာ ပိန္နဲသီးစားပေးဖို့ အကြံပြုထားပါတယ်။
ပိန္နဲသီးက ကင်ဆာရောဂါကာကွယ်သလို အသားအရေ လှပအောင်လည်း စွမ်းဆောင် ပေးနိုင်ပါတယ်။ အသက်ရွယ် ကြီးရင့်စေမယ့် ဓာတ်တွေကို တိုက်ဖျက်ပေးတဲ့ antioxidant ပါဝင်လို့ အသားအရေ စိုပြည်ပြီး ပုံမှန် စားပေးရင် အသာရေ ကြည်လင်တောက်ပကာ အရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။
ပိန္နဲသီးမှာပါတဲ့ အာဟာရတန်ဖိုးတွေက ပြည့်ဝဆီ အနည်းငယ် ပါဝင်ပြီး၊ ကိုလက်စထရောနဲ့ ဆိုဒီယမ်ဓာတ်တွေ အပြင် နေ့စဉ်ခန္ဓာကိုယ်က လိုအပ်တဲ့အမျှင်ဓာတ်ရဲ့ ၁၁ ရာခိုင်နှုန်းကျော်ကို ဖြည့်စွမ်းပေးပါတယ်။ ဒါပေမယ့်လည်း ပိန္နဲသီးကို နေ့စဉ်လိုအပ်တာထက် ပိုလျှံ စားသုံးမိရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လို့ နေ့စဉ် လိုအပ်သလောက် ပမာဏကိုပဲ ထိန်းညှိစားပေးဖို့ အကြံပြုထားပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ပိန္နဲသီးစားသုံးခြင်းကနေ ရရှိစေမယ့် အံအားသင့်ဖွယ်ရာ ကျန်းမာရေး အကျိုးကျေးဇူးများ
Ref: Feedy TV