Kripsy Krème ဒိုးနပ်ဟာ အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Winston Salmen မြို့မှာ အခြေစိုက်တဲ့ ကုမ္ပဏီက စတင်ရောင်းချခဲ့ပါတယ်။ ဒီကုမ္ပဏီကို ၁၉၃၇ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်လို့ နှစ်ပေါင်း ၈၀ ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။
အစပိုင်းမှာတော့ ဒီဒိုးနပ်ကို ကုန်စုံဆိုင်တွေမှာ တင်ပြီးရောင်းချခဲ့ပါတယ်။၂၀၀၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ Public Company အဖြစ် တည်ရှိခဲ့ပေမယ့် အကျိုးအမြတ်ပြဿနာတွေကြောင့် ၂၀၁၆ ခုနှစ်မှာ JAB Holding Company တခုတည်းကပဲ ပိုင်ဆိုင်မှုကို ပြန်လည်ယူခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ Kansas ပြည်နယ်မှာ Kripsy Krème ရဲ့ ၁၀၀၀ ခုမြောက်ဆိုင်ခွဲကို ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။
ဒီဒိုးနပ်ကို ပထမဆုံးရောင်းချခဲ့သူကတော့ Mr. Vernon Rudolph ဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ်မှာ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ Mr.Vernon Rudolph ဟာ သူ့ရဲ့ အစ်ကိုဖြစ်သူ Lewis Rudolph နဲ့ အတူ သူတို့နှစ်ဦးရဲ့ ဦးလေးဖြစ်သူ ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။
သူတို့ဦးလေးရဲ့ ဆိုင်က ဒိုးနပ်အပါအဝင် အခြားအစားအသောက်တွေကို ရောင်းချတဲ့ဆိုင်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဆိုင်ဟာ ၁၉၃၄ ခုနှစ်မှာ အကြီးအကျယ်အရှုံးပေါ်ခဲ့တဲ့အတွက် Kripsy Krème Doughnut Company ဆိုပြီး ဒိုးနပ်သီးသန့်ရောင်းတဲ့ ဆိုင်ကို ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်
ဒီဆိုင်ဟာ ၁၉၃၇ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ အမေရိကန်နိုင်ငံအတွင်းမှာပဲ ဆိုင်ခွဲတွေ အများကြီး ဖွင့်ခဲ့ပါ တယ်။၂၀၀၁ ခုနှစ်၊ဒီဇင်ဘာလမှာ အမေရိကန်နိုင်ငံပြင်ပမှာ ပထမဆုံးဆိုင်အနေနဲ့ ကနေဒါနိုင်ငံမှာ စတင်ဖွင့်လှစ် ခဲ့ပါတယ်။၂၀၁၂ ခုနှစ်မှ စတင်ပြီးတော့ ဒီဒိုးနပ်တွေဟာ 7 Eleven Convinence စတိုးတွေတိုင်းမှာ ရောင်းချနေပြီ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ အိန္ဒိယနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ပထမဆုံး Kripsy Crème ဆိုင်ကိုဖွင့်လှစ်ခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာ အာဖရိကနဲ့ စကော့တလန်တို့မှာ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ Iceland တို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ ပနားမားနဲ့ Guatemala တို့မှာ ဖွင့်လှစ်ခဲ့ပြီးတော့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ နယူးဇီလန်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ပြီး မတ်လမှာတော့ နိုင်ဂျီးရီးယားမှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဆိုင်ခွဲတွေကို ကမ္ဘာအနှံ့မှာ နှစ်တိုင်းဖွင့်လေ့ရှိတဲ့ ဒီ ဒိုးနပ်ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး လိပ်စာကတော့ ဗဟန်းမြို့နယ်၊ လင့်ခ်လမ်းနှင့် ဓမ္မစေတီ လမ်းထောင့် မှာရှိတဲ့ Time Link Mall ရဲ့ ပထမထပ်မှာ ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ပါတယ်။
Ref : Krispy Kreme