အဆာပြေမုန့်ပဲသရေစာအနေနဲ့ရော အချိုပွဲအဖြစ်ပါ စားသုံးကြတဲ့ ချောကလက်နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) ချောကလက်မှာ antioxidant ကြွယ်ဝစွာ ပါဝင်တဲ့အပြင် မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်၊ ဖော့စဖိတ်၊ ကယ်လ်ဆီယမ်နဲ့ ပရိုတင်း တို့ပါဝင်ပါတယ်။ အမည်းရောင်ချောကလက်စားသုံးခြင်းဟာ သွေးပေါင်ချိန်ကို မျှတစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ အာဟာရသုတေသီတွေက ဆိုပါတယ်။
(၂) အဆီဓာတ်ပါဝင်တဲ့ အစားအစာအများစုဟာ ဝက်ခြံဖြစ်စေနိုင်တာမှန်ပေမယ့် ချောကလက်မှာပါဝင်တဲ့ အဆီဓာတ် ကတော့ ဝက်ခြံဖြစ်စေဖို့ ရာခိုင်နှုန်းနည်းလှပါတယ်။
အများစုကတော့ ချောကလက်စားရင် ဝက်ခြံတွေထွက်နိုင်တယ်လို့ ပြောတတ်ကြပေမယ့် အရေပြားပညာရှင် Dr. Anju ကတော့ ဒါဟာ အသားအရေအမျိုးအစားပေါ်မူတည်ပြီး ပုံသေ သတ်မှတ်ထားလို့တော့ မရဘူးလို့ ဆိုပါတယ်။
(၃) ကိုယ်အလေးချိန်လျှော့ချနေသူအများစုဟာ ချောကလက်ဟာ ဝိတ်တက်စေနိုင်တယ်လို့ ယူဆကြပြီး ရှောင်ကြဉ် လေ့ရှိကြပါတယ်။ တကယ်တော့ ချောကလက်မှာ ပါဝင်တဲ့ဓာတ်တွေဟာ ဝိတ်တက်စေနိုင်ဖို့ အလားအလာ နည်းတာ ကြောင့် ချောကလက်ကို လွန်လွန်ကဲကဲမဟုတ်ဘဲ စားသုံးလို့ရပါတယ်။
(၄) တချို့သောသူတွေဟာ ချောကလက်စားရင် ခေါင်းကိုက်တတ်တာကြောင့် ချောကလက်ဟာ ခေါင်းကိုက်စေနိုင်တယ် လို့ ယူဆထားကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး သုတေသနပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး ဒီအချက်ဟာ လုံးလုံးမှားယွင်း နေတာဖြစ်တဲ့အပြင် ချောကလက်စားခြင်းနဲ့ အာရုံကြောဆိုင်ရာကျန်းမာရေးတွေဟာ ဆက်စပ်မှုမရှိဘူးလို့ သုတေသီ တွေက ဆိုပါတယ်။
(၅) အဖြူရောင် ချောကလက်ဟာ တကယ်တော့ ချောကလက်အစစ်မဟုတ်ပါဘူး။ အဖြူရောင်ချောကလက်မှာ cocoa butter၊ နို့နဲ့ vanilla တို့်သာ အဓိကပါဝင်တာကြောင့် ချောကလက်လို့ နာမည်ခံထားပေမယ့် ချောကလက်အစစ်တော့ မဟုတ်ပါဘူး။
Ref. food.ndtv.com