ကမ္ဘာတဝှမ်းမှာ အမှတ်တရ ပြသစရာတွေအတွက် ပြတိုက်အမျိုးမျိုး ရှိကြပြီး အခုဖော်ပြပေးမှာကတော့ အစားအသောက်ချစ်သူတွေ သွားရောက် လည်ပတ်သင့်တဲ့ ကမ္ဘာတဝှမ်းက ထူးထူးခြားခြား အစားအသောက် ပြတိုက်တွေပဲ ဖြစ်ပါတယ်။
(၁) Dutch Cheese Museum
နယ်သာလန်နိုင်ငံ၊ Alkamaar မြို့မှာရှိတဲ့ ဒီပြတိုက်ဟာဆိုရင်တော့ cheese (ချိစ်) တွေရဲ့သမိုင်းကြောင်းတွေနဲ့ ပြုလုပ်ပုံ အဆင့်ဆင့်တွေကို ဖွင့်လှစ်ပြသထားတာပဲ ဖြစ်ပါတယ်။ ဒီပြတိုက်ဟာဆိုရင်တော့ Alkammaar မြို့ရဲ့ သက်တမ်းအရင့်ဆုံး အဆောက်အဦတွေထဲက တခုဖြစ်ပြီး ၁၉ ရာစုလောက်တည်းက ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
(၂) Cup Noodle Museum
ဂျပန်နိုင်ငံ Yokohama မြို့မှာရှိတဲ့ ဒီပြတိုက်ကိုတော့ Ramen လို့ လည်းခေါ်တဲ့ အသင့်စားခေါက်ဆွဲတွေနဲ့ ပတ်သက်ပြီး ပြသဖွင့်လှစ်ထားတာဖြစ်တာကြောင့် အသင့်စားခေါက်ဆွဲချစ်သူတွေ သွားရောက် လည်ပတ်သင့်ပါတယ်။ ဒီပြတိုက်မှာ အသင့်စားခေါက်ဆွဲခြောက်တွေကို စတင်တည်ထွင်ခဲ့ပုံတွေနဲ့ ပြောင်းလဲလာပုံ အဆင့်ဆင့်တွေကို အသေးစိတ်ပြသထားပြီး လာရောက် လည်ပတ်သူတွေနဲ့ အမြဲလိုလို စည်ကားတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
(၃) Pizza Hut Museum
အမေရိကန်ပြည်ထောင်စု၊ ကန်းဆက်ပြည်နယ်ရဲ့ အကြီးဆုံးမြို့ Wichita မှာ ရှိတဲ့ ဒီပြတိုက်ဟာဆိုရင်တော့ ပြတိုက် အသစ်တခုပဲဖြစ်ပြီး ၁၉၅၀နဲ့ ၁၉၅၈ ခုနှစ်လောက်က ပီဇာအမျိုးအစား လက်ရာတွေကို မြည်းစမ်းကြည့်လို့ ရနိုင်သလို ထူးခြားတဲ့ ဆော့စ်အရသာကြောင့်လည်း ကမ္ဘာကျော်လာတဲ့ ပြတိုက်တခုလည်း ဖြစ်ပါတယ်။
(၄) The Idaho Potato Museum
အမေရိကန်ပြည်ထောင်စု Idaho ပြည်နယ်မှာရှိတဲ့ ဒီပြတိုက်ဟာတော့ ကမ္ဘာ့အကြီးဆုံး အာလူးနဲ့ အာလူးချောင်းကြော်တွေကြောင့် နာမည်ကြီးတဲ့ ပြတိုက်တခုပဲဖြစ်ပြီး အဆိုပါ ကမ္ဘာ့အကြီးဆုံးအာလူးကိုတော့ ၁၉၉၀ ခုနှစ်လောက်မှာ ရိတ်သိမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပြတိုက်ကို ရောက်ရင်တော့ အဲဒီမှာပဲ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်နဲ့ ချောကလက်နှစ်ထားတဲ့ အာလူးချောင်းကြော်တွေကိုတော့ သွားရောက်မြည်းစမ်းကြည့်သင့်ပါတယ်။
(၅) Poli Grappa Museum
အီတလီနိုင်ငံ Bassano Del Grappa မှာရှိတဲ့ ဒီပြတိုက်ဟာဆိုရင်တော့ အီတလီနိုင်ငံရဲ့ အကျော်ကြားဆုံး အဖျော်ယမကာတွေကို ပြသထားရာ ပြတိုက်တခုဖြစ်ပြီး အနည်းငယ်ကျဉ်းမြောင်းတယ်ဆိုပေမယ့် လာရောက်လည်ပတ်သူတွေ စိတ်တိုင်းကျမယ့် နေရာတခုလည်းဖြစ်ပါတယ်။ စပျစ်သီးနဲ့ ထုတ်လုပ်ထားတဲ့ ဘရန်ဒီတွေအပြင် နှစ်ချို့ဝိုင်တွေနဲ့ ယမကာတွေကလည်း လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်ထားတာပဲ ဖြစ်ပါတယ်။
Ref : www.rd.com