Food

အနံ့အရသာ မွှေးပျံ့တဲ့ အိန္ဒိယစတိုင် ကဏန်းဟင်း ချက်ရအောင်

Want create site? Find Free WordPress Themes and plugins.

ဒီတပတ်တော့ အားလုံးကြိုက်နှစ်သက်ကြမယ့် ကဏန်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။ ကဏန်းချက်နည်း မျိုးစုံရှိတဲ့ထဲက အခုနည်းကတော့ အိန္ဒိယစတိုင်ချက်နည်းကို ရွေးချယ်ထားပါတယ်။ ထမင်းပူပူလေးနဲ့ တွဲစားမယ်ဆိုရင် အရည်သောက်အဖြစ် အရည်များများ ချက်နိုင်သလို၊ ဒီအတိုင်းစားမယ်ဆိုရင် ခပ်ပျစ်ပျစ် ချက်စားနိုင်တဲ့ ဟင်းတခွက်ပါ။

ဒါဆို ကဏန်းဟင်းချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက —

ကဏန်း
မန်ကျည်းနှစ်
ကြက်သွန်နီ
ခရမ်းချဉ်သီး
ကြက်သွန်ဖြူ
ဂျင်း
နံနံပင်
ဆနွင်းမှုန့်
ငရုပ်သီးမှုန့်
ငရုပ်သီးစိမ်း
ဆီ
ရေ
မဆလာ
ဆားအနည်းငယ်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ကဏန်းကို သန့်စင်ပြီး နှစ်ပိုင်း ပိုင်းထားပါ။ မန်ကျည်းသီးကို ရေ ၁၀ မိနစ်လောက်စိမ်ထားပါ။ ဟင်းအနှစ် ရအောင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂျင်း၊ ငရုပ်သီးမှုန့် အားလုံးကို ကြိတ်စက်ထဲ ထည့်ပြီး ရောမွှေပါ။ ရလာတဲ့ အနှစ်ကို မန်ကျည်းနှစ်နဲ့ ရောပြီး ခဏ ဖယ်ထားပါ။

အနံ့မွှေးအောင် မဆလာမှုန့် အနည်းငယ် ထည့်ပေးပါ။ ကြိုက်တယ်ဆိုရင် များများထည့်လည်း ရပါတယ်။ ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာရင် ဟင်းအနှစ်နဲ့ ငရုပ်သီးစိမ်း ပါးပါးလှီးထားတာကို ဆီသတ်ပါ။

၅ မိနစ်လောက် ဆီသတ်ပေးပါ။ ပြီးရင် ရေခပ်နွေးနွေး ၃ ခွက်လောက် ဒယ်အိုးထဲ လောင်းထည့်လိုက်ပါ။ ရေ အနည်းအများက ကိုယ့်အကြိုက်ပေါ် မူတည်ပြီး လိုတိုးပိုလျော့ ထည့်လို့ ရပါတယ်။

၁၀ မိနစ်လောက် ဟင်းအရသာ အပေါ့အငန် မြည်းကြည့်ပါ။ အဆင်ပြေပြီဆိုရင် သန့်စင်ထားတဲ့ ကဏန်းတွေကို ရောထည့်လိုက်ပါ။ ၁၀ မိနစ်လောက် အဖုံးလေးအုပ်ပြီး ထပ်ချက်ပါ။ နောက်ဆုံး နံနံပင်လေး အုပ်လိုက်ရင် အနံ့၊ အရသာ မွှေးပျံ့တဲ့ အိန္ဒိယစတိုင် ကဏန်းဟင်းတခွက် ပြည့်စုံသွားပါပြီ။

Ref: The Spruce Eats

Did you find apk for android? You can find new Free Android Games and apps.
Loading