လူအများစုဟာ နေ့စဉ်ရှုပ်ထွေးလှတဲ့ လူမှုကိစ္စတွေထဲမှာ ရုန်းကန်လှုပ်ရှားရင်း အစားအစာတွေ ပြင်ဆင် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်ကြတော့ပါဘူး။ ဒါကြောင့်မို့လို့ အစားအသောက်တွေကို အိမ်မှာပဲ ချက်ပြုတ်ပြီး အချိန်များများ မပေးနိုင်သူတွေအတွက် အလွယ်တကူ ပြုလုပ်နိုင်တဲ့ နိုင်ငံတကာက အစားအစာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) စပါကတီ
အီတလီအစားအစာတွေထဲမှာ နာမည်ကြီးလှတဲ့ စပါကတီခေါက်ဆွဲဟာ ဆိုရင် အာဟာရဓာတ်လည်း ကြွယ်ဝသလို အိမ်မှာလည်း အလွယ်တကူ ပြုလုပ်စားသောက်နိုင်တဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။ ဈေးဝယ်စင်တာတွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ စပါကတီခေါက်ဆွဲခြောက်ကို ရေနွေးဆူဆူမှာ ၁၅ မိနစ်ခန့်ပြုတ်ပြီး ချက်ထားတဲ့ ခရမ်းချဉ်သီးအနှစ်နဲ့ ရောစပ်ကာ ငရုတ်ကောင်းမှုန့်နဲ့ မိမိကြိုက်နှစ်သက်ရာ အသားတမျိုးမျိုးနဲ့ ရောစပ်ကာ ပြုလုပ်စားသောက်နိုင်ပါတယ်။
(၂) Chicken Caesar Salad
အမေရိကန်လူမျိုးတွေရဲ့ အစားအစာ မီနူးတွေထဲမှာ မပါမဖြစ် ပါဝင်တဲ့ Chicken Caesar Salad ဟာ ဆိုရင် ကင်ထားတဲ့ ကြက်သားနဲ့ ဟင်းနုနွယ်၊ ဆလပ်ရွက် အစရှိတဲ့ အရွက်တွေနဲ့ သံလွင်ဆီ အနည်းငယ်၊ mayonnaise စားပွဲတင်ဇွန်း ၅ ဇွန်းခန့်တို့ကို ရောစပ်ကာ ပြုလုပ်စားသောက်နိုင်ပါတယ်။
(၃) ပန်ကိတ်
ဥရောပနိုင်ငံတွေမှာ မနက်စာအဖြစ် စားသုံးလေ့ ရှိကြတဲ့ ပန်ကိတ်ရဲ့ မူလရင်းမြစ်နိုင်ငံဟာဆိုရင်တော့ ရှေးခေတ် ဂရိလူမျိုးတွေကနေ စတင်ခဲ့ပါတယ်။ အရသာ ရှိလှသလို ပြုလုပ်ရလည်း လွယ်ကူတဲ့ ပန်ကိတ်ရဲ့ ပြုလုပ်နည်းကတော့ ဂျုံမှုန့်၊ နွားနို့၊ ကြက်ဥ၊ သကြားနဲ့ ငှက်ပျောသီး ဒါမှမဟုတ် ပန်းသီး တို့ကို ကြေညက်အောက် ရောစပ်ပြီး ဆီအနည်းငယ်သာသုတ်ထားတဲ့ ဒယ်အိုးထဲမှာ ထည့်ပြီး ကြော်လိုက်ရုံပါပဲ။ မိမိပြုလုပ်လိုတဲ့ အရေအတွက်ပေါ်မူတည်ပြီး ပါဝင်ပစ္စည်းတွေကို အတိုးအလျှော့ ပြုလုပ်နိုင်ပါတယ်။
(၄) ဟမ်ဘာဂါ
အဆာပြေသရေစာအဖြစ် စားသုံးလေ့ရှိကြတဲ့ ဟမ်ဘာဂါဟာဆိုရင် ပြုလုပ်ရ လွယ်ကူတဲ့ အစားအစာတမျိုးပါ။ ကြက်သားကို ကြိတ်စက်နဲ့ ကြိတ်ချေပြီး ကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်၊ ကြက်ဥ တလုံးတို့နဲ့ရောစပ်ကာ အဝိုင်းလေးတွေ ပြုလုပ်ပြီး မီးအေးအေးနဲ့ ကြော်ထားပေးပါ။ ပြီးရင်တော့ ဟမ်ဘာဂါလုပ်တဲ့ ပေါင်မုန့်ကို အလယ်ကနေ ကပ်ကြေးနဲ့ ညှပ်ပြီး mayonnaise အနည်းငယ် သုတ်၊ ကြော်ထားတဲ့ အသားထည့်၊ သခွားသီး၊ ခရမ်းချဉ်သီး ၊ ဆလပ်ရွက် စတာတွေကို ထည့်ပြီး အရသာရှိရှိ စားသုံးနိုင်ပါတယ်။
Ref : listaka.com