အစားအသောက်ကို ခုံမင်တဲ့ လူတွေအတွက် လူဖြစ်ရကျိုးနပ်အောင် ဘဝမှာ မြည်းစမ်းသင့်တဲ့ အစားအစာများအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီအစားအစာတွေကတော့ အရသာ ရှိလွန်းလို့ သင်လုံးဝ မကြိုက်ဘူးဆိုရင်တောင် ဘဝမှာ တကြိမ်တခါတော့ မြည်းစမ်း ကြည့်သင့်ပါတယ်။
(၁) ကျောက်ပုစွန်
သင်ဘယ်နေရာမှာပဲ နေနေ ကျောက်ပုစွန်ဟာ မြည်းစမ်း စားကြည့်သင့်တဲ့ အစားအစာ တမျိုးပါ။ သေသေချာချာ ချက်ပြုတ် ပြင်ဆင်ထားတဲ့ ကျောက်ပုစွန်ကို စားရင်း ပါးစပ်ထဲမှာ ပုစွန်အရသာ စိမ့်ဝင်သွားတဲ့ ခံစားချက်က ဘယ်အရာနဲ့မှ မတူတာကို ခံစားရပါလိမ့်မယ်။
(၂) Kebeb (တူရကီ)
တူရကီနိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင် တူရကီတွေရဲ့ အဓိက အစားအစာဖြစ်တဲ့ Kebeb ကို စားဖြစ်အောင် စားဖို့ တိုက်တွန်းချင်ပါတယ်။ တူရကီမှာ ရှိတဲ့ လူမျိုးဘာသာမရွေး Kebeb ကို ပုံစံမျိုးစုံနဲ့ စားသုံးကြပြီး မတူညီတဲ့ အရသာပေါင်းစုံ ရှိတယ်လို့ သိရပါတယ်။
(၃) Masala Dosa (အိန္ဒိယ)
Dosa ဆိုတာ အိန္ဒိယစားသောက်ဆိုင်တွေမှာ ရောင်းချတဲ့ “တိုရှည်”ပါပဲ။ ဆန်မုန့် ပါးပါးကို အစပ်အရသာ ဟင်းလျာတွေနဲ့ တွဲဖက်စားသုံးရတဲ့ အစားအစာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို ခရီးမထွက်ဖြစ်သေးဘူး ဆိုရင်တောင် အိန္ဒိယ စားသောက်ဆိုင် တခုခုမှာ သွားရောက် မြည်းစမ်းဖို့ တိုက်တွန်းချင်ပါတယ်။
(၄) Ice Cream (အမေရိကန်)
ရေခဲမုန့်ကတော့ မြန်မာနိုင်ငံအတွင်းမှာလည်း ဖောဖောသီသီရတဲ့ မုန့်ပါပဲ။ ဒါပေမဲ့ အမေရိကန်က ပြုလုပ်တဲ့ ရေခဲမုန့်ကတော့ ဒီအရသာတွေနဲ့ ကွာခြားနေပါလိမ့်မယ်။ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေ ကွာခြားတဲ့ အမေရိကန်ဒေသထွက် Ice Cream တွေဟာ ကမ္ဘာ့အကောင်းဆုံး အချိုပွဲတွေအဖြစ် ရပ်တည်နေတာကိုတော့ ငြင်းလို့ မရပါဘူး။
(၅) Fish ‘N’ Chips (အင်္ဂလန်)
စားသောက်ဆိုင်တွေမှာ ရနိုင်တဲ့ Fish and Chips တွေဟာ အပိုပစ္စည်းတွေ ထပ်ပြီး ထည့်သွင်းလိုက်ခြင်းကြောင့် ထင်သလောက် စားမကောင်းပါဘူး။ အမှန်တကယ် ကောင်းမွန်တဲ့ Fish and Chips တွေကို အင်္ဂလန်နိုင်ငံက လမ်းဘေးဆိုင်တွေမှာ ရရှိနိုင်ပါတယ်။
(၆) Dim Sum (ဟောင်ကောင်)
ဟောင်ကောင်နိုင်ငံရဲ့ နေ့လည်စာ စားပွဲမှာ အမြဲတမ်းနီးပါး ရှိနေတဲ့ စားစရာ တမျိုးကတော့ Dim Sum ဖြစ်ပါတယ်။Dim Sum ကို ပေါင်းထားတဲ့ ပုံစံ၊ ကြော်ထားတဲ့ ပုံစံ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ တွေ့ရှိနိုင်ပြီး အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စတာတွေနဲ့ အစာသွပ်လေ့ရှိကြပါတယ်။ ပုံစံလှလှလေးတွေနဲ့ တကိုက်စာ ကွက်တိ လုပ်ထားပေးတာကြောင့် မြည်းစမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။
(၇) Tacos (မက္ကဆီကို)
မက္ကှဆီကို နိုင်ငံရဲ့ လူကြိုက်အများဆုံ းအစားအစာဖြစ်တဲ့ Tacos ဟာ ကမ္ဘာ့နေရာအသီးသီးမှာ ရောင်းချတယ် ဆိုပေမယ့် မက္ကဆီကို နိုင်ငံမှာ ပြုလုပ်တာလောက် မကောင်းဘူးလို့ သိရပါတယ်။ Tacos ဟာ နံပြားကဲ့သို့ ဖြစ်နေတဲ့ မုန့်ဖက်အပေါ်မှာ အမဲသား၊ ကြက်သွန်နီ၊အစပ် အနှစ် စတာတွေကို ထည့်ထားပြီးဒေသခံတွေကတော့ ဟမ်ဘာဂါ စားသလို လက်နဲ့ အားရပါးရ ကိုင်စားလေ့ ရှိပါတယ်။
(၈) Lasagna (အီတလီ)
အီတလီနိုင်ငံရဲ့ လူကြိုက်အများဆုံး အစားအစာကို ပီဇာလို့ သင်ထင်ရင်တော့ မှားနေပါပြီ။အီတလီ နိုင်ငံသားတွေ အကြိုက်ဆုံး အစားအစာဟာ အီတလီရိုးရာ ခေါက်ဆွဲ တခုဖြစ်တဲ့ Lasagna ပဲ ဖြစ်ပါတယ်။ Lasagna ဟာ အသား အထပ်ထပ်ပေါ်မှာ Cheese အထပ်ထပ်အုပ်ပြီး မုန့်ဖုတ်သလို ဖုတ်စားရတဲ့ အစားအစားဖြစ်လို့ မြင်ရတာ လှပပြီး စားကောင်းမှာ သေချာပါတယ်။
Ref; foodtoeat.com