မယ်ဇလီပင်တွေရဲ့ မူလအစ ပင်မ မျိုးရင်းကတော့ တောင်အာဖရိကနိုင်ငံတွေက ဖြစ်ပြီး အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာပါ ကျယ်ပြန့်စွာ ပေါက်ရောက်လေ့ ရှိပါတယ်။
မယ်ဇလီဖူးကို “ဆေးပေါင်းခတယ်”ဆိုတဲ့ အယူအဆနဲ့ ရှေးယခင် လက်ထက်ကတည်းက တန်ဆောင်မုန်း လပြည့်နေ့ရောက်တိုင်း အမျိုးမျိုး ပြုလုပ်စားသုံးလေ့ ရှိကြပါတယ်။ ဒါကြောင့်မို့လို့ မယ်ဇလီဖူးရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုပုံကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
(၁) မယ်ဇလီဖူးဟာ အစာခြေစနစ်နဲ့ အူလမ်းကြောင်းဆိုင်ရာကို သန့်စင်စေပြီး အူလမ်းကြောင်းထဲက ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။ ဝမ်းချုပ်တာ၊ သွေးဝမ်းသွားတာတွေနဲ့ အစာခြေ အူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
(၂) မယ်ဇလီဖူးမှာ Antioxidant လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး အစာစားချင်စိတ် လျော့နည်းတာမျိုးနဲ့ ပျို့အန်တာမျိုးတွေကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။ ဆဲလ်တွေကို ထိခိုက်မှုလျော့နည်းစေတဲ့အပြင် အူမကြီးကင်ဆာနဲ့ အသည်းကင်ဆာဖြစ်နိုင်ခြေတွေကို လျော့နည်းစေနိုင်တယ်လို့လည်း သိရပါတယ်။
(၃) မယ်ဇလီဖူးမှာ ပါဝင်တဲ့ Phytocompound ဓာတ်တွေဟာ သွေးပေါင်ချိန်တက်ခြင်းကို လျော့နည်းစေတဲ့အပြင် နှလုံးရောဂါနဲ့ ဆက်စပ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ကယ်လိုရီလျော့နည်းစွ ာပါဝင်တာကြောင့် ခန္ဓာကိုယ် အလေးချိန် လျှော့ချနေသူတွေအနေနဲ့ ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာတမျိုးလည်း ဖြစ်ပါတယ်။
(၄) မယ်ဇလီဖူးမှ ာပါဝင်တဲ့ Antioxidant၊ ရေဓာတ်နဲ့ တခြားသော အာဟာရဓာတ်တွေဟာ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်ခြင်းကို တွန်းအားပေးတဲ့အပြင် Collagen ထုတ်လွှတ်မှုကိုလည်း မြင့်တက်စေတာကြောင့် အသားအရေကို တင်းရင်းနုပျိုစေတဲ့အပြင် အရေပြားရောဂါ အများစုကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
(၅) အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အဆုတ်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါတွေကို လျော့ပါး သက်သာစေနိုင်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေလျော့စေနိုင်ပါတယ်။
Ref : www.naturalfoodseries.com