Food

သက်သတ်လွတ် စားသူတွေ ကျန်းမာရေး ပိုကောင်းတဲ့ အကြောင်းရင်း ၅ ချက်

Want create site? Find Free WordPress Themes and plugins.

“သက်သတ်လွတ် စားသုံးတယ်”ဆိုတာ သာမန်အားဖြင့် ကြည့်ရင်တော့ ရွေးချယ်စားသုံးစရာ ဟင်းအမယ်တွေ နည်းတာကြောင့် ငြီးငွေ့စရာ ကောင်းတယ်လို့ ထင်မိကြမှာပါ။ လေ့လာချက်တွေအရ ဆိုရင် သက်သတ်လွတ် စားသုံးသူတွေဟာ သက်သတ်လွတ် မစားသူတွေထက် ကျန်းမာရေး ပိုကောင်းမွန်ကြပြီး မိမိရဲ့နေထိုင်မှုပုံစံကလည်း ကျန်းမာရေးအပေါ် သက်ရောက်မှုှု ရှိတယ်လို့ ဆိုပါတယ်။

(၁) အသားတွေမှာ သက်သတ်လွတ် အစားအစာတွေထက် ပြည့်ဝဆီနဲ့ ကိုလက်စထရော ပါဝင်မှုနှုန်းတွေ များပြားတာကြောင့် သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဒါကြောင့်မို့လို့ သက်သတ်လွတ် စားသုံးသူတွေဟာ သာမန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ နည်းတယ်လို့ အာဟာရ ပညာရှင်တွေက ဆိုပါတယ်။

(၂) အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်တွေအရ သက်သတ်လွတ်စားသုံးသူတွေဟာ ကိုလက်စထရော ပမာဏကို မျှတစွာ စားသုံးမှုကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးရာရောက်သလို ဝိတ်ချနေသူအနေနဲ့လည်း သက်သတ်လွတ် စားသုံးမှုက အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

(၃) သက်သတ်လွတ် အစားအစာတွေမှာ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ မပြည့်ဝဆီ ပါဝင်မှု နည်းပါးတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့အပြင် နှလုံးရောဂါ ဖြစ်နိုင်ခြေကိုပါ လျော့နည်းစေနိုင်ပါတယ်။

(၄) ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အသားဓာတ်၊ omega-3 နဲ့ အဆီဓာတ်တို့ဟာ အသားစားသုံးမှုကနေမှ ရရှိတာ မဟုတ်ဘဲ အစေ့အဆန်တွေ၊ အခွံမာသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေဆီကနေလည်း ရရှိနိုင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။

(၅) သက်သတ်လွတ် အစားအစာတွေမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Ref: timesofindia.indiatimes.com

Did you find apk for android? You can find new Free Android Games and apps.
Loading