Food

ဆောင်းရာသီမှာ များများစားသုံးပေးသင့်တဲ့ အစားအစာများ

Want create site? Find Free WordPress Themes and plugins.

ဆောင်းရာသီရဲ့ အေးစိမ့်စိမ့် ရာသီဥတုကြောင့် အများစုဟာ ရေသောက်နည်းကြသလို ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာကြောင့် သွေးလှည့်ပတ်မှုနှေးပြီး အစာခြေဖျက်ရခက်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်တတ်ကြပါတယ်။

ဒီလိုမျိုး ကျန်းမာရေးပြဿနာတွေ မဖြစ်ပေါ်ရအောင် ဆောင်းရာသီမှာ များများစားသုံးပေးသင့်တဲ့ အစားအစာတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) သလဲသီး

သလဲသီးဟာ တခြား အသီးအနှံတွေထက် antioxidant ကြွယ်ဝစွ ာပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကိုလက်စထရော ပမာဏကို ကျစေနိုင်ပြီး သွေးအားနည်းသူတွေအတွက် အထူး သင့်တော်တဲ့ အသီးအနှံတမျိုး ဖြစ်ပါတယ်။

(၂) အချဉ်ဓာတ် ပါတဲ့ အသီးအနှံများ

သံပုရာ၊ လီမွန်နဲ့ လိမ္မော်သီးတွေမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ ရာသီ အကူးအပြောင်းမှာ ဖြစ်တတ်တဲ့ အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် ဆောင်းရာသီမှာ များများစားသုံးပေးသင့်ပါတယ်။

(၃) ဟင်းခတ် အမွှေးအကြိုင်များ

ဟင်းလျာချက်ပြုတ်ရာမှာ ထည့်သွင်း အသုံးပြုကြတဲ့ ငရုတ်ကောင်း၊ နနွင်း၊ ဂျင်း၊ ကြက်သွန်၊ သစ်ကြပိုးခေါက်မှုန့်၊ ဇီရာ၊ ကရဝေး အစရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စားသုံးပေးခြင်းဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ဆောင်းရာသီမှာ များများ စားသုံးပေးသင့်ပါတယ်။

(၄) အရည်များ

ဆောင်းရာသီမှာ တိုက်ခတ်တဲ့ လေအေးတွေဟာ အသားအရေကို ခြောက်သွေ့စေပါတယ်။ အေးစိမ့်တဲ့ ရာသီဥတုကြောင့် ရေများများ သောက်ဖို့ကိုလည်း မေ့လျော့နေတတ်တာကြောင့် ခန္ဓာကိုယ် ရေဓာတ် မခမ်းခြောက်ရအောင် အသီးဖျော်ရည်၊ လက်ဖက်ရည်ကြမ်းနဲ့ ရေတို့ကို များများသောက်သုံးပေးသင့်ပါတယ်။

(၅) အခွံမာသီးနဲ့ အစေ့အဆန်များ

အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ စားသုံးပေးခြင်းဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ် အပူချိန်ကိုလည်း မျှတစေပါတယ်။ ဆောင်းရာသီမှာ ရာသီဥတုကြောင့် အစာမကြေတာမျိုးတွေအတွက်တော့ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ စားသုံးပေးခြင်းက အထောက်အကူ ဖြစ်စေပါတယ်။

Ref : www.foodpleasureandhealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading