Food

ထောပတ်သီးကို အသုံးပြုပြီး အဆာပြေစားစရာတွေ ပြုလုပ်ကြမယ်

Want create site? Find Free WordPress Themes and plugins.

ထောပတ်သီးမှာ ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ ဗီတာမင်၊သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး တခြားသော အသီးအနှံတွေနဲ့မတူတာတခုကတော့ ထောပတ်သီးမှာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အဆီဓာတ် ၇၇ ရာခိုင်နှုန်းခန့် ပါဝင်နေတာပဲ ဖြစ်ပါတယ်။

အခုလို ထောပတ်သီးတွေ ပေါပေါများများရနိုင်တဲ့ ထောပတ်သီးရာသီမှာ အသီးဖျော်ရည်အဖြစ်နဲ့ပဲ သောက်သုံးနေရတာ ငြီးငွေ့နေသူတွေအတွက် ထောပတ်သီးနဲ့ ပြုလုပ်နိုင်တဲ့ အဆာပြေစားစရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ထောပတ်သီးကြော်

ထောပတ်သီးကြော်ပြုလုပ်ဖို့အတွက် ပထမဦးဆုံး ထောပတ်သီးကို အခွံခွာပြီး အစိတ်လေးတွေ ဖြစ်အောင်လှီး၊ ဂျုံမှုန့်ထဲထည့်နယ်၊ ပြီးရင်တော့ မွှေထားတဲ့ ကြက်ဥထဲ ဖြည်းဖြည်းချင်းထည့်စိမ်ပေးပါ။

ကြက်ဥနဲ့စိမ်ပြီးရင်တော့ ပေါင်မုန့်ခြောက်အမှုန့်လေးတွေနဲ့ ကပ်ပြီး ဆီပူပူထဲထည့်ကြော်ပေးရုံနဲ့ အရသာရှိလှတဲ့ ထောပတ်သီးကြော် ရရှိပြီပဲ ဖြစ်ပါတယ်။ အရသာဆိမ့်ဆိမ့်လေးနဲ့ ထောပတ်သီးကြော်ကို အချဉ်လေးနဲ့ပဲတို့စားစား ဒီအတိုင်း အဆိမ့်အရသာလေးအတိုင်းပဲ စားစား အလွယ်တကူ ပြုလုပ်စားသောက်နိုင်မှာပဲ ဖြစ်ပါတယ်။

(၂) ထောပတ်သီးနဲ့ကြက်ဥ Salad

ထောပတ်သီးနဲ့ ကြက်ဥ Salad ပြုလုပ်ဖို့အတွက် ထောပတ်သီးနဲ့ ပြုတ်ထားပြီးသား ကြက်ဥတို့ကို ရောချေပြီး ငရုတ်ကောင်းမှုန့်နည်းနည်း၊ ဆားအနည်းငယ်၊ ဆီအနည်းငယ်တို့ထည့်ကာ ပေါင်မုန့် ဒါမှမဟုတ် ထမင်းတို့နဲ့ အဆာပြေ တွဲဖက်စားသုံးနိုင်မှာ ဖြစ်ပါတယ်။

(၃) ထောပတ်သီးသုပ်

ထောပတ်သီးကိုသုပ်စားမယ်ဆိုရင် နေ့လည်နေခင်း အဆာပြေအဖြစ် ချဉ်ချဉ်စပ်စပ် စားချင်သူတွေအနေနဲ့ ထောပတ်သီးသုပ်က အာဟာရလည်းရှိ၊ အဆာလည်းပြေစေမှာ ဖြစ်ပါတယ်။

ထောပတ်သီးကို အတုံးငယ်လေးတွေအဖြစ်လှီး၊ ကြက်သွန်နီ၊ခရမ်းချဉ်သီးလှီးပြီးသား အနည်းငယ်ထည့်၊ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းအနည်းငယ်ထည့်၊ သံပုရာရည်ညှစ်ပြီး ဆီအနည်းငယ်လောက် ဆမ်းပြီး သုပ်လိုက်ရုံနဲ့ ချဉ်ချဉ်စပ်စပ် ထောပတ်သီးသုတ်လေးကို စားသုံးနိုင်ပြီပဲ ဖြစ်ပါတယ်။

Ref. www.cookinglight.com

Did you find apk for android? You can find new Free Android Games and apps.
Loading