Food

စီမံချက်အသစ်ကြောင့် McDonald ဆိုင်ရဲ့ Milkshake တွေ ရောင်းချခွင့်ပိတ်ခံရနိုင်

သင်ဟာ ကမ္ဘာကျော် McDonald ဆိုင်ကြီးရဲ့ မစ်ရှိတ် (Milikshake) ကို ကြိုက်နှစ်သက်သူ တယောက်ဆိုရင် ခုချိန်မှာ အဝသောက်ထားဖို့ အကြံပေးပါရစေ။ မကြာခင်မှာ သကြားလျော့ချရေး စီမံချက် အသက်ဝင်သွားမယ် ဆိုရင် McDonald ဆိုင်တွေမှာ မစ်ရှိတ်ရောင်းချခွင့် ပိတ်ပင်ခံရဖွယ် ရှိပါတယ်။

လတ်တလောမှာရောင်းချနေတဲ့ McDonald ဆိုင်ရဲ့ ဗယ်နီလာမစ်ရှိတ်ခွက်ကြီးတခွက်မှာ သကြားပါဝင်မှု စားပွဲ တင်ဇွန်း ၁၂ ဇွန်းလောက်ထိရှိပါတယ်။ ဒီပမာဏဟာ ကယ်လိုရီ ၄၃၆ နဲ့ညီမျှတာမို့ အချိုဓာတ်များတဲ့ အစားအစာ စာရင်းဝင် ဖြစ်နေပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းက အစားအစာတွေမှာ သကြားပါဝင်မှုလျော့ချမယ့် စီမံချက်ကို ရေးဆွဲနေပြီး အထူးသဖြင့် အသင့်သယ်ဆောင်သွားနိုင်တဲ့ မစ်ရှိတ်ဖျော်ရည်ဘူးတဘူးမှာ ကယ်လိုရီပမာဏ အများဆုံး ၃၀၀ လောက်ထိပဲရှိဖို့ ပြင်ဆင်နေပါတယ်။

သကြားလျော့ချရေးစီမံချက်ကို ဦးဆုံးစတင်အကောင်အထေည်ဖော်နေတဲ့ ဒီအဖွဲ့အစည်းကြီးက သကြားပမာဏ များတဲ့ ဘယ်မစ်ရှိတ်ကိုမဆို ရောင်းချခွင့်ပိတ်သွားစေချင်တာပါ။ ဒီစီမံချက်သာ ဖြစ်မြောက်လာမယ်ဆိုရင် McDonald မစ်ရှိတ်ချစ်သူတွေအတွက် သတင်းဆိုးပါပဲ။

McDonald ရဲ့ မစ်ရှိတ်ခွက်ကြီးတွေသာမက ခွက်အလတ်စားတွေပါ ပိတ်ပင်ခံရဖွယ်ရှိနေပါတယ်။ ဒါတင်မကဘဲ ခွက်အသေးဆိုဒ်တွေရဲ့ မျှော်လင့်ချက်ကလည်း ဝေဝါးနေဆဲပါ။

Queen Mary တက္ကသိုလ်လန်ဒန်က ပရော်ဖက်ဆာလည်းဖြစ် သကြားလျော့ချရေးစီမံချက်ရဲ့ ဥက္ကဌဖြစ်သူ ဂရေ ဟမ်က “အချိုဓာတ်များပြီ ကယ်လိုရီမြင့်တဲ့ အချိုရည်တွေကို နေ့တိုင်းသောက်ဖြစ်နေကြတာပါ။ ဒီအတိုင်းဆို ကလေးတွေမှာ ငယ်စဉ်ကတည်းက အဝလွန်ရောဂါနဲ့ သွားပိုးစားတာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် အချိုဓာတ်၊ ကယ်လိုရီများတဲ့ မစ်ရှိတ်ဖျော်ရည် တခေါက်သောက်တခွက်ကို ကယ်လိုရီ ၃၀၀ အောက် လျော့ချသင့်တယ်” လို့ ဆိုပါတယ်။

“တာဝန်ခံမှုမရှိကြတဲ့ အစားအသောက်ထုတ်ကုန်ကုမ္ပဏီတော်တော်များများက သူတို့အစားအသောက်တွေရဲ့ အာဟာရတန်ဖိုးတွေနဲ့ပတ်သက်ပြီး အွန်လိုင်းမှာရော အရောင်းဆိုင်တွေမှာပါ အသေးစိတ်ထုတ်ပြန်မှုမျိုးမရှိကြ ဘူး။ ပိုဆိုးတာက သူတို့ရဲ့ အချိုဓာတ်များတဲ့ထုတ်ကုန်တွေကို အချိုပေါ်သကာလောင်းထားတဲ့ ကြော်ငြာတွေနဲ့ စားသုံးသူတွေကို နေ့တိုင်းစားဖြစ်အောင် ဆွဲဆောင်နေကြတာပါပဲ” လို့ ပရော်ဖက်ဆာ ဂရေဟမ်က ဆိုပါတယ်။

Ref: Joyscribe

Loading