ဒီဇင်ဘာအားလပ်ရက်တွေဆိုတာ မိသားစုဝင်တွေ ပြန်လည်နီးကပ်ဆုံတွေ့ကြတဲ့ အခိုက်အတန့်ပါ။ ဒီလိုအချိန် မျိုးမှာ အရသာရှိတဲ့ အထူးဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်ကြပါတယ်။ ကြည်နူးဖွယ်ကောင်းတဲ့ အချိန်အခါ ဟာ ခရစ္စမတ်နေ့နဲ့လည်း တိုက်ဆိုင်တာမလို့ ခရစ္စမတ်ညနဲ့လိုက်ဖက်မှုရှိမယ့် ဟင်းလျာတမျိုးကို ပြောပြပေးချင်ပါ တယ်။
ခရစ္စမတ်ဆိုလိုက်တာနဲ့ ကြက်ဆင်သားကိုပဲ ပြေးမြင်ကြပေမယ့် တခြားဟင်းလျာပစ္စည်းတွေနဲ့လည်း အထူးည စာကို ပြင်ဆင်နိုင်ပါတယ်။ ဒီတပတ်ပြောပြပေးမယ့်ဟင်းလျာကတော့ အထူးဟင်းလျာပီပီ ချက်ပြုတ်ချိန် ၆ နာရီ လောက်ကြာအောင် အချိန်ယူရပါမယ်။ အဓိကဇာတ်လိုက်ကျော် ဝက်ပေါင်ခြောက်ကျပ်တင်ကို အငန်ဓာတ်ပြယ် သွားအောင် ကိုလာနဲ့ ချက်ပြုတ်ပြင်ဆင်သွားမှာပါ။
ပါဝင်ပစ္စည်းတွေက —
ဝက်ပေါင်ခြောက်ကျပ်တင်
ကိုလာဘူးကြီး
မုန်လာဥနီ
တရုတ်နံနံ
ကြက်သွန်နီ
သစ်ကြံပိုးခေါက်
ငရုတ်ကောင်းစေ့
လေးညှင်းပွင့်
သကြားရည်
Mustard
Red Wine Vinegar
လေးညှင်းမှုန့် တို့လိုအပ်ပါတယ်။
ထည့်ချက်ရမယ့် ပါဝင်ပစ္စည်းတွေစုံပြီဆိုရင် အရင်ဆုံး မုန်လာဥနီကို အနေတော်အတုံးလေးတွေတုံးပြီး ကြက် သွန်နီကို လေးစိတ်စိတ်ပါ။ တရုတ်နံနံကို လှီးဖြတ်ထားပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ချက်မယ့်ပေါင်းအိုးကိုယူပါ။ အိုးထဲကို ဝက်ပေါင်ခြောက်ကျပ်တင်ထည့်ပြီး ကို လာကို မြှုပ်နေအောင် လောင်းထည့်ပါ။ ပြီးရင် မုန်လာဥနီ၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ သစ်ကြံပိုးခေါက်၊ ငရုတ် ကောင်းစေ့နဲ့ လေညှင်းပွင့်တို့ထည့်ပြီး အသားနူးလာအောင် ၅ နာရီခွဲလောက် တည်ပေးရပါတယ်။
အချိန်ပြည့်ရင် ပေါင်းအိုးကနေ ထုတ်ပြီး oven ထဲမှာ အပူချိန် 190C/170C လောက်ထားပြီး ဝက်ပေါင်ခြောက် ကို ထားပါ။ ခနထားပြီးရင် oven ထဲကထုတ် roasting tin ပေါ်တင်လိုက်ပါ။ အသားတွေကို ကြက်ခြေခတ်ပုံစံနဲ့ အရာပေးထားပါ။
ပန်းကန်းလုံးတခုထဲမှာ သကြားရည်၊ mustard၊ ရှာလကာရည်နဲ့ လေးညှင်းမှုန့်တို့ကိုရောပြီး တဝက်လောက်ကို အသားပေါ် သုတ်လိမ်းပါ။
၁၅ မိနစ်လောက် ကင်စက်ထဲကင်ပြီး ပြန်ထုတ်ကာ ကျန်တဲ့အရည်တဝက်ကို အသားပေါ် ထပ်သုတ်ပေးပါ။ နောက်ထပ် မိနစ် ၃၀ လောက်ထပ်ကင်ပြီးရင် ကင်စက်ထဲက ထုတ်လိုက်လို့ရပါ ပြီ။ ဒါဆိုရင်တော့ အနံ့အရသာပြည့်စုံကောင်းမွန်တဲ့ အထူးညစာဟင်းလျာ ဝက်ပေါင်ခြောက်ကျပ်တင်ကင် ပြင် ဆင်လို့ပြီးပါပြီ။
Ref: BBC Good Food