အစားအစာတွေ စားတဲ့အခါ ပူပူစပ်စပ်အရသာကိုမှ နှစ်ခြိုက်တဲ့ အစပ်ကြိုက်သူတွေအတွက် ဟင်းခတ်အမွှေးအကြိုင်တွေ လှိုင်လှိုင်သုံးတတ်ပြီး မြန်မာလူမျိုးတွေရဲ့ အကြိုက်နဲ့နီးစပ်တဲ့ အိန္ဒိယအစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Pork Vindaloo
ဝက်သားကြိုက်နှစ်သူတွေ အကြိုက်တွေ့စေမယ့် ဒီဟင်းလျာရဲ့မူလအစကတော့ တချိန်တခါတုန်းက ပေါ်တူဂီတွေ သိမ်းပိုက်ခဲ့တဲ့ ဂိုအာမြို့ပဲဖြစ်တာကြောင့် ပေါ်တူဂီအငွေ့အသက်တွေ အနည်းငယ်လွှမ်းခြုံနေတဲ့ ဟင်းလျာတမျိုးပဲ ဖြစ်ပါတယ်။ စားလို့လည်းကောင်းသလို စပ်လွန်းတဲ့ အရသာကြောင့် စားပြီးပြီးချင်းမှာပဲ ဝမ်းဗိုက်တခုလုံး ပူနေသလို ခံစားရစေမှာ ဖြစ်ပါတယ်။
(၂) Phaal curry
အိန္ဒိယရဲ့အစပ်ဆုံးဟင်းလျာတွေထဲက တခုဖြစ်တဲ့ ဒီဟင်းပွဲရဲ့ အဓိကပါဝင်ပစ္စည်းဟာဆိုရင်တော့ ကမ္ဘာ့အစပ်ဆုံး ငရုတ်သီးတမျိုးဖြစ်တဲ့ Bhut jolokie ပဲ ဖြစ်ပါတယ်။ ဂျင်း၊ ငရုတ်ကောင်းမှုန့်၊ စမုန်စပါးစေ့နဲ့ ခရမ်းချဉ်သီးတို့ပါဝင်တဲ့ ဒီဟင်းလျာဟာဆိုရင်တော့ စပ်လွန်းတဲ့အတွက် ဟင်းချက်သူတွေဟာ မျက်နှာကို အဝတ်စနဲ့အုပ်ပြီး ချက်ရလေ့ ရှိတယ်လို့လည်း သိရပါတယ်။
(၃) Piro Aloo
ဒါကတော့ သက်သက်လွတ်စားသူတွေအတွက် အစပ်တည့်စေမယ့် ဟင်းလျာတမျိုးပဲဖြစ်ပြီး မူလအစကတော့ နီပေါနိုင်ငံကပဲ ဖြစ်ပါတယ်။ နီပေါနိုင်ငံမှာလည်း လူကြိုက်များလှသလို အိန္ဒိယနိုင်ငံက သက်သက်လွတ်စားသူတွေလည်း နှစ်ခြိုက်တဲ့ ဒီဟင်းလျာမှာတော့ အာလူးနဲ့ ငရုတ်သီး အမျိုးအစားစုံလင်စွာပါဝင်တာကြောင့် အစပ်ကြိုက်သူတွေ မြည်းစမ်းကြည့်သင့်တဲ့ ဟင်းလျာတမျိုးပဲ ဖြစ်ပါတယ်။
(၄) Chicken 65
ကြက်သားကို အစပ်ချက်ထားပြီး သံပုရာသီးနဲ့တွဲဖက်စားသုံးရတဲ့ ဒီဟင်းလျာရဲ့ မူလအစကတော့ ချန်နိုင်းမြို့ကပဲဖြစ်ပြီး ကြွပ်ကြွပ်ရွရွ ကြက်သားအရသာနဲ့ငရုတ်သီးတို့ကို တွဲဖက်ချက်ပြုတ်ထားတာကြောင့် အစပ်ကြိုက်သူတွေ မြည်းစမ်းကြည့်သင့်တဲ့ ဟင်းလျာတမျိုးပဲဖြစ်ပါတယ်။
(၅) Kozi Kari
ငရုတ်သီးစိမ်း၊ ငရုတ်သီးအနီတောင့်၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ကြက်သားကိုရောနှောချက်ပြုတ်ထားတဲ့ ဒီKozi Kari ဟင်းလျာရဲ့မူလအစက Kerala ဒေသကပဲဖြစ်ပြီး အိန္ဒိယရဲ့အစပ်ဆုံးဟင်းလျာတွေထဲက တမျိုးလည်းဖြစ်ပါတယ်။
Ref. www.indiatimes.com