ချင်း (ဂျင်း) ရဲ့ အာဟာရတန်ဖိုးနဲ့ အသုံးဝင်ပုံအကြောင်းကို ရှေးယခင်နှစ်ပေါင်းများစွာတည်းက သိရှိခဲ့ကြတာပါ။ ဒါကြောင့်လည်း ဟင်းချက်တဲ့အခါ မပါမဖြစ်ထည့်သုံးကြသလို၊ နေမကောင်းတဲ့အခါ ဒါမှမဟုတ် နှာစေချောင်း ဆိုးဖြစ်တဲ့အခါ ချင်းပြုတ်ရည်ကို အိမ်တွင်းကုထုံးအဖြစ် လက်စွဲသုံးလာကြတာပါ။
ချင်းပြုတ်ရည်မှာ လူ့ခန္ဓာကိုယ်မှာ တွယ်ညှိနေတဲ့ ရောဂါပိုးမွှား၊ မှိုရောဂါတွေကို သေစေနိုင်သလို ရောင်ရမ်းခြင်းနဲ့ ရာသီတုပ်ကွေး ဗိုင်းရပ်စ်တွေကိုပါ သေစေနိုင်စွမ်းရှိပါတယ်။
ကမ္ဘာပေါ်မှာ နေ့စဉ်ချက်ပြုတ်စားသောက်နေကြတဲ့ အစားအစာတွေထဲမှာ ချင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့ အံ့မခန်းပါပဲ။ ပူစပ်စပ်အရသာရှိပြီး အရသာပြင်းရှရှဖြစ်ပေမယ့်လည်း ချင်းအမြစ်ဟာ အရသာရှိသလို အာဟာရပြည့်ဝပါတယ်။
အလွယ်တကူအသုံးပြုနိုင်ပြီး ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တဲ့နေ မကောင်းဖြစ်ခြင်းကို ပျောက်ကင်း စေနိုင်သလို ဦးနှောက်မှတ်နိုင်စွမ်းရည်ကို မြင့်တက်စေပါတယ်။
ချင်းမှာပါဝင်တဲ့ ကျန်းမာရေးဓာတ်တွေထဲက အဓိက,ကတော့ Antioxidants ၊ ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်းနဲ့ အနာရောဂါကုသနိုင်တဲ့ ဓာတ်ပေါင်း ဂျင်ဂျရော၊ ပရာဒေါလ်၊ ဇင်ဂျရုန်း စတာတွေ ပါဝင်နေလို့ပါ။
ချင်းကို အစိမ်းဖြစ်ဖြစ်၊ အခြောက်လှန်းတာဖြစ်ဖြစ်၊ အမှုန့်ကြိတ်သောက်တာအပြင် ဖျော်ရည်အဖြစ်နဲ့ ဘယ်လိုပဲစားသုံး ပါစေ ရရှိမယ့်အာဟာရဓာတ်အတူတူပါပဲ။
ဗီတာမင် စီ အမြောက်အများပါဝင်တဲ့အပြင် မဂ္ဂနီစီယမ်နဲ့ အခြားသတ္တုဓာတ်တွေပါဝင်လို့ ကိုယ်ခံစွမ်းအား မြင့် တက်စေပြီး အစာကြေရင်ချောင်တဲ့အပြင် ရောင်ရမ်းနာကျင်ခြင်းကိုပါ သက်သာစေပါတယ်။
နေ့စဉ် ချင်းပြုတ် ရည်ဖျော်သောက်မယ်ဆိုရင် ကျောက်ကပ်ကျောက်တည်ရောဂါကို ကာကွယ်နိုင်သလို၊ အသက်ရွယ်ကြီး သူတွေ မှာဖြစ်တတ်တဲ့ ဒူးဆစ်နာကျင်ကိုက်ခဲခြင်းကိုပါ သက်သာစေပါတယ်။ ဒီ့ပြင် အသည်းက အဆိပ်အတောက် တွေကိုပါ သန့်စင်စေပါတယ်။
ချင်းပြုတ်ရည်ဖျော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက —
ချင်း – အမှုန့်လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ (သို့) ပါးပါးလှီးထားတဲ့ ချင်းဖတ် အနည်းငယ်
ဆနွင်း – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
ရေ – ၁ ခွက်
ပျားရည်စစ်စစ် – အနည်းငယ် လိုအပ်ပါတယ်။
အရင်ဆုံး ရေနွေးဆူအောင်တည်ပါ။ ရေနွေဆူလာပြီဆိုရင် ချင်းမှုန့်နဲ့ ဆနွင်းမှုန့် ထည့်ပါ။ ၁၀ မိနစ်လောက်ထား ပြီးမှ အချိုအရသာအတွက် ပျားရည်ထည့်ပြီး သောက်သုံးနိုင်ပါတယ်။
Ref:Higher Perspective