ဒီကနေ့ခေတ်မှာ လူကြိုက်များနေကြတဲ့ အစားအစာတွေထဲမှာ တချို့သော အစားအစာတွေဟာဆိုရင်တော့ လူကြိုက်များ စားကောင်းအောင်လို့ ရည်ရွယ်ပြီး တီထွင်ပြုလုပ်ခဲ့တာ မဟုတ်ဘဲ မတော်တဆသလို အမှတ်တမဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး တီထွင်ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ မတော်တဆဖြစ်ရပ်တွေကနေ လူကြိုက်များလာခဲ့ကြတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
(၁) ဘီယာ
အဖျော်ယမကာတွေမှာ လူကြိုက်များတဲ့ ဘီယာဟာဆိုရင်တော့ ၆ ရာစုလောက်မှာ ပေါင်မုန့်ပြုလုပ်တဲ့ ပေါင်မုန့်ဖိုထဲကို မိုးယိုရာကနေ မတော်တဆ ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ ဘီယာသမိုင်းလေ့လာသူ စာရေးဆရာ Horst Dornbusch ကဆိုပါတယ်။ နောက်ပိုင်းမှာ လူတွေဟာ ဘီယာရဲ့အရသာပိုမိုကောင်းမွန်အောင်လို့ တီထွင်ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။
(၂) ဒိန်ချဉ်
ဒိန်ချဉ်ဖြစ်ပေါ်လာပုံကတော့ သိုလှောင်ထားတဲ့ နွားနို့တွေကနေ ရက်ကြာလာတဲ့အခါ အချဉ်ဖောက်ရာကနေ ဖြစ်ပေါ်လာတယ်လို့ လူအများက ယုံကြည်လက်ခံထားကြပါတယ်။
(၃) စပျစ်သီးခြောက်
ဘီစီ ၂၀၀၀ ခန့်တုန်းက လူတွေဟာ စပျစ်သီးခြောက်တွေကို စပျစ်နွယ်ပင်တွေကြားမှာ တွေ့ရှိမြည်းစမ်းကြည့်ခဲ့ရာကနေ စပျစ်သီးခြောက်တွေကို ပြုလုပ်ဖန်တီးလာခဲ့ကြတာပဲ ဖြစ်ပါတယ်။
(၄) ချောကလက်ကွတ်ကီး
ချောကလက်ကွတ်ကီးဟာဆိုရင်တော့ Ruth Graves Wakefield ဆိုတဲ့အမျိုးသမီးလေးက အမှတ်မထင်စမ်းသပ် ပြုလုပ်ရာကနေ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။
(၅) ရှန်ပိန်
ရှန်ပိန်တီထွင်မှုနဲ့ပတ်သက်ပြီး Dom Perigon ကနေ စတင်တီထွင်ခဲ့တယ်လို့ လူသိများကြပြီး ဝိုင်ခွက်ထဲက အမြှုပ်လေးတွေကို ကြည့်ရာကနေ ရှန်ပိန်တီထွင်ဖို့ idea ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
(၆) ရေခဲချောင်း
ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ကြတဲ့ ရေခဲချောင်းကိုတော့ ၁၁ နှစ်အရွယ်ရှိ Frank Epperson ဆိုတဲ့ကောင်လေးက တီထွင်ခဲ့တာဖြစ်ပါတယ်။ ရေနဲ့ဖျော်ရည်တွေကို ရောစပ်ပြီး ကစားထားတဲ့ ဖျော်ရည်အရောတွေကို အေးစက်တဲ့ ဆောင်းရာသီကာလမှာ အပြင်မှာ ထားခဲ့မိပြီး အေးခဲသွားရာကနေ ရေခဲချောင်း စတင်ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအရသာကို Epperson တယောက်မြည်းစမ်းမိပြီး အိမ်နီးချင်းကလေးတွေကို ဝေမျှပေးရာကနေ ဒီကနေ့ခေတ်မှာ ကလေးလူကြီး ကြိုက်နှစ်သက်ကြတဲ့ ရေခဲချောင်းတွေကို စတင်တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။
Ref. www.rd.com