Food

ကြက်သွန်နီစားခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးများ

Want create site? Find Free WordPress Themes and plugins.

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ဟာ အိမ်တိုင်းမှာရှိတဲ့ အခြေခံ ဟင်းချက်စရာတွေမှာ ပါဝင်ပါတယ်။ ဘယ်နိုင်ငံရဲ့ အစားအသောက်ကိုပဲ ချက်ချက် ဒီနှစ်မျိုးကတော့ ထည့်ကိုထည့်ရပါတယ်။

ကြက်သွန်နီဟာ သင့်ဟင်းကို ပိုပြီး အရသာရှိစေရုံတင်မကဘဲ သင့်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် ကြက်သွန်နီစားခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဘတ်တီးရီးယားများအတွက် ကောင်းမွန်ခြင်း

ဘတ်တီးရီးယားလို့ ပြောလိုက်တာနဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ အရာလို့ ချက်ချင်း တွေးမိကြမှာသေချာပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားတွေလည်း နေထိုင်ပါ သေးတယ်။ ကြက်သွန်နီမှာ ဇီဝအမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အူအတွင်းမှာရှိတဲ့ ဘတ်တီးရီးယား တွေကို အထောက်အပံ့ပေးပြီး အူလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။

(၂) နှလုံးကျန်းမာရေး

ကြက်သွန်နီစားခြင်းကြောင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်ဆိုတာကို သုသေသနတွေအရ သိရှိပြီး ဖြစ်ပါတယ်။ ကြက်သွန်နီဟာ သွေးခဲမှုကို တားဆီးပေးပါတယ်။ ကြက်သွန်နီမှာ ကိုလက်စရောပါဝင်မှု မရှိတဲ့အပြင် ဟင်းကို အရသာ အများကြီး ရှိအောင် ပြုလုပ်နိုင်တာကြောင့် ကျန်းမာရေးနဲ့ ကိုက်ညီခြင်းမရှိတဲ့ ဟင်းခတ်မှုန့်၊ ဟင်းချိုမှုန့် စတာတွေကို အသုံးပြုစရာ မလိုတော့ပါဘူး။ ဆားအများကြီး စားတာက သင့်ရဲ့ သွေးဖိအားကို မြင့်တက်စေပေမယ့် ကြက်သွန်ကတော့ ဘာဘေးဥပါဒ်ကိုမှ ပေးမှာ မဟုတ်ပါဘူး။

(၃) ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချပေးခြင်း

ကြက်သွန်နီကို နေ့စဉ်စားသုံးခြင်းဟာ ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ Quercetin နဲ့ Anthocyanin တို့ဟာ ကင်ဆာဖြစ်ပွားစေတဲ့ ဆဲလ်တွေကို တိုက်နိုင်တယ်လို့ သိရပါတယ်။

Ref;mmn

Did you find apk for android? You can find new Free Android Games and apps.
Loading