ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကောင်းမွန်ဖို့ ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ သွေး၊ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ခန္ဓာကိုယ်တွင်း ကောင်းမွန်စွာ လှည့်ပတ်စီးဆင်းစေနိုင်ဖို့အတွက် နေ့စဉ်စားသုံးနေတဲ့ အစားအစာ တွေကလည်း အရေးကြီးတာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) နနွင်း
အိန္ဒိယရိုးရာ တိုင်းရင်းဆေးတလက်ဖြစ်တဲ့ နနွင်းဟာဆိုရင်တော့ ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့ အစားအစာတမျိုးပဲ ဖြစ်ပါတယ်။ သွေးလွှတ်ကြောတွေတင်းမာမှုကို လျှော့ချပေးနိုင်ပြီး သွေးခဲမှုကိုလည်း တားဆီး ပေးနိုင်ပါတယ်။
(၂) မုန်လာဥ
မုန်လာဥအဖြူ၊ အနီစတာတွေမှာ ပိုတက်ဆီယမ်၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သွေးပေါင်ချိန်ကို မျှတစေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ မုန်လာဥနီမှာပါဝင်တဲ့ နိုက်ထရိတ်ဓာတ်ဟာ နှလုံးကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) ငရုတ်သီးစိမ်း
ဆေးပညာသုတေသနတွေအရ ငရုတ်သီးစိမ်းမှာ ကိုလက်စထရောကင်းစင်တဲ့အတွက် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ပိုတက်ဆီယမ်ဓာတ်တွေကြောင့် ကိုယ်တွင်းသွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
(၄) ကိုက်လန်
ကျန်းမာရေးအတွက် သင့်လျော်တဲ့ Superfood တွေထဲမှာ ကိုက်လန်ဟာလည်း တခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ကိုက်လန်မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ သွေးနီဥဆဲလ်တွေကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။
(၅) ကော်ဖီ
ကော်ဖီဟာ အနံ့ရောအရသာနဲ့ပါ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ကိုယ်တွင်းသွေးလှည့်ပတ်မှုကို ကောင်းမွန်စေ တာဖြစ်ပါတယ်။ တနေ့မှာ ကော်ဖီ ၂ ခွက်ထက်ပိုပြီး သောက်သုံးခြင်းက ကျန်းမာရေးနဲ့ မသင့်လျော်ပေမယ့် နေ့စဉ် တခွက်ခန့်သောက်သုံးပေးခြင်းက ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
Ref. www.rd.com