Food

ကမ္ဘာပေါ်က အစွဲလမ်းလွန် အစားအစာများအကြောင်း

Want create site? Find Free WordPress Themes and plugins.

တခါစားလိုက်တိုင်း ထပ်ခါတလဲလဲ စားချင်စိတ်ဖြစ်တာမျိုး ကြုံဖူးကြမှာပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာ ဆိုရင် မကြာခဏ စားချင်တာမျိုးဟာ ဦးနှောက်ကို လှုံ့ဆော်လိုက်တာကြောင့်ပါ။ ဘယ်လိုအစားအစာတွေ၊ ဘယ်လိုအရာတွေက ဦးနှောက်ကိုလှုံ့ဆော်ပြီး စားချင်စိတ်ထပ်ခါတလဲလဲဖြစ်လာစေတာလဲ ဆိုတာဖော်ပြပေးချင်ပါတယ်။

ဘာကြောင့် ထပ်ခါတလဲလဲ စားချင်စိတ်ဖြစ်ကြတာလဲ

ချောကလက်၊ ချိစ်နဲ့ မုန့်ကြွပ်တွေဆိုတာ ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်တဲ့ အစားအစာတွေပါ။ ပုံစံအမျိုးမျိုး၊ အရသာမျိုးစုံနဲ့ ဖန်တီးထားတဲ့ ဒီအစားအစာတွေကိုမြင်လိုက်တာနဲ့ Dopamine ဓာတ်ကို ဦးနှောက်က ထုတ်လွှတ် လိုက်တာကြောင့် မြင်လိုက်ရတဲ့အစားအစာက ကယ်လိုရီဘယ်လောက်မြင့်နေပါစေ စားချင်စိတ်ဖြစ် လာအောင် လှုံ့ဆော်ပေးပါတယ်။

ဒီလို ဦးနှောက်က ထုတ်လွှတ်လိုက်တဲ့ Dopamine နဲ့ တခြားဓာတ်ပစ္စည်း တွေကြောင့် အစားအစာတွေကို ထပ်ခါတလဲလဲ စားချင်စိတ်ဖြစ်ပေါ်လာရတာပါ။

ချောကလက် စွဲလမ်းမှု

ထပ်ခါတလဲလဲ စွဲလမ်းစေတဲ့ အစားအစာတွေထဲမှာ ချောကလက် စွဲလမ်းမှုကတော့ အမြင့်ဆုံးပါ။ သင့်ဘေးမှာ M & M ချောကလက်လုံးလေးတွေ ထည့်ထားတဲ့ခွက်ထဲ မကြာခဏ သွားနှိုက်စားမိနေကြတယ်မလား။ ဒါကလည်း ချောကလက်ရဲ့ စွဲလမ်းစိတ်က အရက်နဲ့မူးယစ်ဆေးဝါးတွေကို စွဲလမ်းသလိုမျိုး ထပ်တူကြတာကြောင့်ပါ။

၂၀၁၁ ခုနှစ်က လေ့လာချက်အရ ချောကလက်စားလိုက်တဲ့အခါ ကောင်းတဲ့ဟော်မုန်းတမျိုးဖြစ်တဲ့ Oxytocin ကို ထုတ် လွှတ်လိုက်တာကြောင့် စွဲလမ်းစိတ်ဖြစ်စေတာပါ။

ချိစ်များများထည့်ပေးပါ

စွဲလမ်းစေတဲ့ အစားအစာတွေထဲမှာ အဆီပိုတွေနဲ့ ကိုလက်စထရောတက်စေတဲ့ ချိစ်လည်းပါ,ပါတယ်။ ဘယ်လို ပဲ ကိုယ်အလေးချိန်တက်တယ်ဆိုဆို ချိစ်နဲ့ဆွဲဆောင်မှုကိုတော့ မတွန်းလှန်နိုင်ကြပါဘူး။ ဒါဟာ Casomorphin လို့ခေါ်တဲ့ အရာကို ဦးနှောက်က မတွန်းလှန်နိုင်လို့ပါ။

Casomorphin က ဦးနှောက်အကြောတွေကတဆင့် Dopamine ကို အနှံ့ပို့ဆောင်ပေးနေတာကြောင့် ထပ်ခါတလဲလဲ စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် ချိစ်ကို ပုံမှန်လိုအပ်တာထက် တနှစ်ကို ပေါင် ၃၀ ပိုစားလာကြတယ်လို့ ဆိုပါတယ်။

အသင့်စား မုန့်ကြွပ်တွေ

အသင့်စားအားလူကြော်တထုပ်ကို တခုစားလိုက်တာနဲ့ အဆက်မပြတ်စားချင်လာသလို၊ ဘယ်လိုကုန်သွားမှန်းမ သိ စားမိကြမှာပါ။ အာလူးကြော်မှာတော့ တခြားစွဲလမ်းစေတဲ့ အစားအစာတွေလို စားလိုက်တာနဲ့ ဓာတ်ပစ္စည်း တွေ ထွက်မလာပေမယ့် ပါဝင်တဲ့ကာဗွန်ဟိုက်ဒရိတ်ကြောင့် အဆက်မပြတ်စားချင်စိတ်ကို ဖြစ်စေတာပါ။

ကာ ဗွန်ဟိုက်ဒရိတ်ဟာ ကိုယ်တွင်း ဂလူးကို့စ်ဓာတ်ကို အမြန်ဆုံးထုတ်ပေးပြီး အားအင်ဖြစ်စေတာမို့ သွေးတွင်းသ ကြားဓာတ်မြင့်တက်လာပါတယ်။

သကြားဓာတ်မြင့်တဲ့ အချိုရည်

လူတိုင်း နေ့စဉ်သောက်ဖြစ်နေတဲ့ ဆိုဒါတွေက တကယ်တော့ သကြားဓာတ်အများဆုံးပါဝင်တဲ့ အရည်တွေပါ။ ချိုမြပြီး သောက်လိုက်တာနဲ့ လူကိုလန်းဆန်းသွားအောင် ဆိုဒါမှာပါဝင်တဲ့ ကဖင်းဓာတ်က ဖန်တီးပေးပါတယ်။ ဒါကြောင့်လည်း နေ့စဉ်ရက်ဆက် မကြာခဏဆိုသလို သောက်ဖြစ်ကြတာပါ။

နောက်ထပ် အချိုဓာတ်မြင့်တဲ့ အစားအစာကတော့ သကြားနဲ့ ခရင်မ်တွေ ရောစပ်ဖန်တီးထားတဲ့ ရေခဲမုန့်ပါ။ သူကလည်း မူးယစ်ဆေးစွဲလမ်းသလို စွဲလမ်းစေတဲ့အစားအစာတမျိုးပါ။ သင့်ခန္ဓာကိုယ်က သကြားဓာတ်များများစားမိလေ နောက်ထပ်စားချင်စိတ်ပို ဖြစ်လာအောင် လှုံ့ဆော်လေပါပဲ။

Ref: Reader’s Digest

Did you find apk for android? You can find new Free Android Games and apps.
Loading