ဒီတပတ်တော့ အသား၊ ငါးတွေစားရတာလည်း ငြီးငွေ့လာပြီဆိုရင် အရသာဆန်းမယ့်ဟင်းလျာတမျိုးကို ပြောပြပေး ချင်ပါတယ်။ ချက်ရတာလည်းလွယ်ပြီး ကိုလက်စထရောနည်းလို့ ကိုယ်အလေးချိန်လျော့ချင်သူတွေအတွက်ပါ အဆင်ပြေမယ်လို့ ထင်ပါတယ်။ စားလို့ကောင်းမယ့် အုန်းသီးပုစွန်ကင်ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။
ညစာကို ပေါ့ပေါ့ပါးပါးနဲ့ အရသာသစ်လေးမြည်းစမ်းချင်တယ်ဆိုရင် အုန်း သီးပုစွန်ကင်နည်းအကြောင်း ဝေမျှပေးချင်ပါတယ်။
အုန်းသီးပုစွန်ကင်ဖို့ အတွက် —
ပုစွန်ထုပ်
ပြောင်းဖူးကော်မှုန့်
ဆား
ငရုတ်ကောင်းမှုန့်
အုန်းသီး
ကြက်ဥ တို့လိုအပ်ပါတယ်။
အရင်ဆုံး ပုစွန်ထုပ်တွေကို ရေနဲ့သေချာဆေးပြီး အခွံချွတ်ထားပါ။ ကြက်ဥကို အကာရည်သုံးမှာဖြစ်လို့ အကာ သက်သက်ဖယ်ပြီး အမြှုပ်ထနေအောင် မွှေထားပါ။ အုန်းသီးကို လိုအပ်သလောက် အုန်းသီးဖတ်လေးတွေရ အောင် ခြစ်ထားလိုက်ပါ။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် အုန်းသီးပုစွန်ကင်မယ့် Oven ကို အပူချိန် ၂၀၀ ဒီဂရီ ဆဲလ်စီးရပ်စ် ဒါမှမဟုတ် ၄၀၀ ဒီဂရီဖာရင်ဟိုက် ရောက်အောင် အပူပေးထားပါ။ ဗန်းကို မုန့်ဖုတ်စက္ကူခံထားပြီး ဟင်းချက်ဆီအနည်းငယ်ဖြန်း ထားပေးရပါမယ်။
သန့်စင်ထားတဲ့ ပုစွန်ထုပ်ကို ပြောင်းဖူးကော်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်စီနဲ့ အရသာသွင်းထားပါ။ အုန်းသီးဖတ်တွေကိုတော့ သပ်သပ် ပန်းကန်းလုံးတလုံးထဲထည့်ထားပါ။ အရသာသွင်းထားတဲ့ ပုစွန်တကောင်ချင်းစီကို အရင်ဆုံး ကြက်ဥအကာထဲနှစ်ပါ၊ ပြီးရင် အုန်းသီးဖတ်တွေထည့်ထားတဲ့ပန်းကန်းထဲ ပုစွန်ကိုဖုံးသွား အောင် နှစ်ထည့်လိုက်ပါ။
ပြီးရင်တော့ ပုစွန်တကောင်ချင်းစီကို ကင်မယ့်ဗန်းထဲ စီပြီးထည့်လိုက်ရုံပါပဲ။ ပုစွန်ကအကျက်မြန်ပြီး အပေါ်ယံ အုန်းသီးဖတ်တွေ ရွှေအိုရောင်ပြောင်းသွားတဲ့အထိ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ကင်ပေးရပါတယ်။ တဝက်လောက်မှာ အပေါ်အောက်အကျက်ညီအောင် လှည့်ပေးဖို့လိုပါတယ်။
Ref: Allrecipes