အသီးအနှံတွေကို စားသုံးပြီးတဲ့အခါ အသီးအနှံတွေရဲ့အခွံတွေကို အမှိုက်ပုံးထဲကို လွှင့်ပစ်လေ့ ရှိကြပါတယ်။ ဒီလိုမျိုး လွှင့်ပစ်လိုက်တဲ့ အသီးအနှံတွေရဲ့ အစိတ်အပိုင်းတွေဟာဆိုရင် သူ့နေရာနဲ့သူ အသုံးတည့်တဲ့နေရာတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုအသီးအနှံတွေရဲ့အစိတ်အပိုင်းကို မလွှင့်ပစ်သင့်ဘူးလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ငှက်ပျောသီးခွံ
ငှက်ပျောသီးစားပြီးတဲ့အခါ လွှင့်ပစ်လေ့ရှိတဲ့ ငှက်ပျောသီးခွံမှာ Tryptophan ဆိုတဲ့ ဓာတ်တမျိုး ပါဝင်ပြီး ဒါဟာဆိုရင် စိတ်ဖိစီးမှုကို လျော့ကျစေပြီး အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးခွံကို ရေနွေးဆူဆူနဲ့ ၁၀မိနစ်ခန့် ပြုတ်ပြီး ရေနွေးကြမ်းအဖြစ် သောက်သုံးပေးနိုင်ပါတယ်။
(၂) ဖရဲသီးခွံ
အများစုဟာ ဖရဲသီးရဲ့ နီရဲပြီးချိုရဲတဲ့ အနီရောင်အသားတွေကိုသာ စားလေ့ရှိပြီး အစိမ်းရောင်အခွံတွေကိုတော့ လွှင့်ပစ် တတ်ကြပါတယ်။ တကယ်တော့ ဖရဲသီးတလုံးလုံးရဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်အများစုဟာ ဖရဲခွံမှာ ရှိနေတာဖြစ်ပြီး ဖရဲခွံတွေကို ဟင်းအဖြစ် ချက်ပြုတ်စားသောက်နိုင်ပါတယ်။
၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ ဖရဲသီးအခွံမှာပါဝင်တဲ့ ဗီတာမင်စီ၊ ဗီတာမင် B6 နဲ့ Amino Acid ဓာတ်တွေဟာ ခန္ဓာကိုယ်ကြွက်သားနာကျင်ခြင်းတွေကို သက်သာစေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် နှလုံးကျန်းမာရေးနဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
(၃) နာနတ်သီး အူတိုင်
နာနတ်သီးလှီးတဲ့အခါ နာနတ်သီးအူတိုင်ကို ဖယ်ထုတ်ပြီး အထဲက အသားတွေကိုသာ စားလေ့ရှိကြပြီး ဒါဟာဆိုရင် နာနတ်သီးတလုံးလုံးရဲ့ အာဟာရတန်ဖိုးကို မရရှိတာမျိုးပဲ ဖြစ်ပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်အများစုဟာ နာနတ်သီးအူတိုင်မှာ အများဆုံးပါဝင်တာပဲဖြစ်ပြီး ဒီအမျှင်ဓာတ်တွေဟာ အစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေပြီး အူနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၄) နံနံပင်အမြစ်
နံနံပင်ကို အရွက်တွေသာ စားလေ့ရှိကြပြီး အောက်ခြေအမြစ်ကိုတော့ အသုံးပြုလေ့မရှိကြပါဘူး။ တကယ်တော့ နံနံပင်အမြစ်ဟာ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုနိုင်သလို သူ့မှ ာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိတဲ့အပြင် မျက်လုံးကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်။
Ref. www.rd.com