သင့်ရဲ့ မီးဖိုချောင်ထဲမှာ အမြဲရှိနေတဲ့ အစားအသောက်တွေက သင့်ရဲ့ ကျန်းမာရေးကို အထောက်အကူအရမ်းဖြစ်တဲ့ အရာတွေဆိုတာ သိပါသလား။ ကြက်သွန်နီ၊ ထောပတ်သီး စတဲ့ အရာတွေက သင့်ကျန်းမာရေးအတွက်ကောင်းတယ် ဆိုတာကို သင်သိပြီးဖြစ်မှာပါ။ ဒါကြောင့် ဒီတခါမှာ သင့်မီးဖိုချောင်ထဲမှာ အမြဲဆောင်ထားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) လိမ္မော်သီး
လိမ္မော်သီးမှာ ပါဝင်တဲ့ ဓာတ်တွေဟာ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် စီ ပါဝင်တဲ့ အပြင် Antioxidant လည်း ကြွယ်ဝစွာပါဝင်တာကြောင့် မျက်နှာအရေးကြောင်းဖြစ်ခြင်းနဲ့ အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် ပါဝင်တာကြောင့် အစာချေစနစ်ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်စေပါသေးတယ်။ စားပြီးသွားရင် အကြာကြီး ဗိုက်ပြည့်နေတတ်တာကြောင့် ကိုယ်အလေးချိန်လျော့ချတဲ့ နေရာမှာလည်း အသုံးဝင်တဲ့ အသီးတမျိုး ဖြစ်ပါတယ်။
(၂) ဒိန်ချဉ်
ဒိန်ချဉ်စစ်စစ်ကို တနေ့တခွက် ပုံမှန်သောက်ခြင်းဟာ ဦးနှောက်ရဲ့ မှတ်နိုင်စွမ်းကို မြင့်တင်ပေးပါတယ်။ ပရိုတင်းကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးနဲ့ ကြွက်သားသန်မာမှုကို အထောက်အကူ ဖြစ်စေပါတယ်။ ဗီတာမင်ဒီပါဝင်ပြီး ကယ်လ်ဆီယမ်လည်း အပြည့်အဝ ပါဝင်ပါတယ်။
(၃) ကြက်ဥ
အသားမစားတဲ့ သူတွေအတွက် ကြက်ဥဟာ ပရိုတင်းရရှိနိုင်တဲ့ အကောင်းဆုံး အရင်းအမြစ် ဖြစ်ပါတယ်။ သင့်ရဲ့ ကိုလက်စရောကိုလည်း ထိန်းညှိပေးနိုင်ပြီး ကလိုရင်း ပါဝင်တာကြောင့် ဦးနှောက် ဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်လာစေပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ အနေနဲ့လည်း ကြက်ဥပုံမှန် စားပေးမယ်ဆိုရင် ဗိုက်ထဲက သန္ဓေသားအတွက် ကောင်းမွန်တယ်လို့ သိရပါတယ်။ဒါ့အပြင် ကြက်ဥစားခြင်းဟာ မျက်စိမှုန်ဖြင်းကိုလည်း ကာကွယ်ပေးပါတယ်။
(၄) ဘလူးဘယ်ရီ
ဘလူးဘယ်ရီဟာ မှတ်ဉာဏ်အတွက် အရေးကြီးတဲ့ အသီးတမျိုးဖြစ်ပါတယ်။ မကြာခဏ သတိမေ့တတ်တာတွေ ဖြစ်ပွားတဲ့သူတွေအတွက် သင့်တော်ကောင်းမွန်တဲ့ အသီးတမျိုး ဖြစ်ပြီး အပေါ်မှာ ဖော်ပြခဲ့တဲ့ လိမ္မော်သီးနဲ့ တူညီတဲ့အကျိုးတွေကို ပေးပါတယ်။
Ref : brightside