Food

ပီဇာချစ်သူတွေ သွားရောက် လည်ပတ်သင့်တဲ့ မြို့ ၅ မြို့

Street Food အစားအစာတွေထဲမှာ လူကြိုက်များတဲ့ ပီဇာဟာ အီတလီအစားအစာတမျိုးဖြစ်ပြီး ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ လူကြိုက်အများဆုံး အစားအစာတမျိုးလည်းဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ပီဇာကြိုက်နှစ်သက်သူတွေ သွားရောက် လည်ပတ်သင့်တဲ့ ကမ္ဘာပေါ်က အကောင်းဆုံး ပီဇာတွေရှိရာ မြို့တွေပဲ ဖြစ်ပါတယ်။

(၁) New York

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ဟာဆိုရင် အရသာရှိလှတဲ့ ပီဇာတွေကြောင့် နာမည်ကျော်ကြားတဲ့ မြို့တမြို့ ပဲဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး အရသာကောင်းမွန်လှတာကြောင့် မြို့ရဲ့ လူဦးရေ တဝက်နီးပါးခန့်ဟာ ပီဇာကို နေ့စဉ်စားသုံးလေ့ ရှိကြပြီး ၁၉၆၄ ခုနှစ်ကတည်းက ဖွင့်လှစ်ရောင်းချခဲ့တဲ့ Di Fara ပီဇာဆိုင်ကတော့ နယူးယော့ခ်မြို့ရဲ့ အကောင်းဆုံး ပီဇာဆိုင် တဆိုင်လည်း ဖြစ်ပါတယ်။

နယူးယော့ခ်မြို့ရဲ့ အကောင်းဆုံး ပီဇာဆိုင် Di Fara

(၂) Naples

အီတလီနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Naples မြို့က ပီဇာဆိုင်တွေဟာ အရသာကောင်းမွန်လှတာကြောင့် နာမည်ကြီး လှပါတယ်။ Unesco က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တခုအဖြစ် Naples မြို့ကို၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ သတ်မှတ်ခဲ့ပြီး မြို့မှာရှိတဲ့ ပီဇာဆိုင်အများစုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်ကတည်းက ဖွင့်လှစ်ခဲ့ကြတာပဲဖြစ်ပါတယ်။

(၃) Milan

ကမ္ဘာလှည့် ခရီးသည်တွေ အများအပြား လာရောက်လည်ပတ်လေ့ ရှိကြတဲ့ Milan မြို့ဟာဆိုရင် အရသာရှိတဲ့ ပီဇာတွေကြောင့် နာမည်ကြီးလှသလို တခြားသော အစားအသောက်ကောင်းတွေ အများအပြား ရှိတာကြောင့်လည်း အစားအသောက်ချစ်သူတွေ သွားရောက်လည်ပတ်သင့်တဲ့ မြို့တမြို့ပဲဖြစ်ပါတယ်။

(၄) Rome

ရောမမြို့ဟာဆိုရင်တော့ ပီဇာချစ်သူတွေအတွက် အံအားသင့်ဖွယ်ရာ အရသာရှိလှတဲ့ ပီဇာတွေနဲ့ စောင့်ကြိုနေတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ ကြီးမားပြီး အရသာရှိလှတဲ့ ပီဇာချပ်တွေကြောင့် Food Blogger အများစုက စကြာဝဠာမှာ အကောင်းဆုံးပီဇာတွေရယ်လို့တောင် တင်စားရလောက်တဲ့အထိ ကောင်းမွန်လှတာကြောင့် ပီဇာချစ်သူတွေ မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ မြို့တမြို့ပဲဖြစ်ပါတယ်။

(၅) Chicago

အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုက Chicago Style ပီဇာတွေဟာ ဆိုရင်လည်း အရွယ်အစားကြီးမားပြီး အရသာရှိမှုကြောင့် ပီဇာချစ်သူတွေကို တမျိုးတဖုံဆွဲဆောင်နေနိုင်တာလည်း ဖြစ်ပါတယ်။

Ref: www.cheapoair.com

Loading