Food

ကိုရီးယားအနုပညာရှင်တွေနဲ့ သူတို့အကြိုက်ဆုံး အစားအစာများ

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော်ကိုရီးယားအိုင်ဒေါလ်တွေက သူတို့အကြိုက်ဆုံးအစာတွေအကြောင်းကို ပရိသတ်ကိုပြောပြခဲ့ဖူးပါ တယ်။ အကြိုက်ဆုံးအစာဆိုရင် တခြားဘာနဲ့မှ မလဲနိုင်တဲ့အထိ နှစ်သက်ကြသလို ကိုယ်အလေးချိန်လျော့နေတဲ့ အချိန်မှာတောင် တမ်းတနေရတဲ့ ဒီအစားအစာတွေက ဘာဖြစ်မလဲ။ ကိုယ်အကြိုက်ဆုံး အိုင်ဒေါလ်ရဲ့အနှစ် သက်ဆုံး အစားအစာက ဘာဖြစ်မလဲ ကြည့်ရအောင်။

IU

ကိုရီးယားနိုင်ငံရဲ့ အချစ်တော်စာရင်းဝင် အဆိုတော် IU ရဲ့ အကြိုက်ဆုံးအစားအစာကတော့ အသားပါ။ အသား မှာမှ စားလိုက်တိုင်း နူးညံ့လွန်းတဲ့ ကိုရီးယားအမဲသားကို အကြိုက်ဆုံးလို့ဆိုပါတယ်။ အသားစားနေရရင် တခြား ဘာနဲ့မှတောင် မလဲနိုင်တဲ့အထိ နှစ်သက်လွန်းသူပါ။

Seohyun

Girls’ Generation အဖွဲ့ဝင် Seohyun ရဲ့ အကြိုက်ဆုံးကတော့ ကန်စွန်းဥပါ။ အစားအစာတွေအားလုံးထဲက ကန်စွန်းဥကို နှစ်သက်ပြီး ကိုယ်အလေးချိန်လျော့နေချိန်မှာတောင် ကန်စွန်းဥပြန်စားရမယ့်အချိန်ကို လက်ချိုး ရေနေခဲ့သူတယောက်ပါ။

T.O.P

BigBang အဖွဲ့ရဲ့ T.O.P က အချိုကြိုက်သူတယောက်ပါ။ သူ့အကြိုက်ဆုံး အစားအစာတွေက ပဲနီဂျယ်လီ၊ ရေခဲ မုန့်နဲ့ ဒိုးနတ်တွေပါတဲ့။ T.O.P က သူပွဲမထွက်ခင် အချိန်က ကိုယ်အလေးချိန်ကျအောင် ပဲနီဂျယ်လီတုံးတွေစား ခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။

Jungkook

BTS အဖွဲ့ရဲ့ ဂျုံးဂုကတော့ တခြားလူငယ်တွေလို ဂျုံနဲ့လုပ်ထားတဲ့မုန့်တွေ နှစ်သက်ပြီး အထူးသဖြင့် ပီဇာဆိုရင် အရမ်းကြိုက်သူပါ။

Hyuna

အဆိုတော် ယွန်းနက အချိုစာတွေကြိုက်တယ်လို့ဆိုပေမယ့် တကယ့်ခရေဇီကတော့ ဝက်အူ၊ အမဲအူတွေလို အဆီများတဲ့အစာတွေမို့ အံ့သြစရာပါ။ ပွဲဆိုစရာတွေမရှိတဲ့အခါ ကိုယ်အလေးချိန်လျော့စရာမလိုရင် ဒီလိုအဆီ များတဲ့အစာတွေကိုစားရတာ နှစ်သက်ပါတယ်။

G-Dragon

ရာသီစာ ပဲငံပြာရည်စိမ်ထားတဲ့ ဂဏန်းကို ကိုရီးယားလူမျိုးတွေအထူးပဲ ကြိုက်နှစ်သက်သလို အာဟာရပြည့်တဲ့ အစားအစာအဖြစ် သတ်မှတ်ကြပါတယ်။ နာမည်ကျော် BigBang အဖွဲ့ခေါင်းဆောင် G-Dragon ကလည်း သူအ ကြိုက်ဆုံးအစားအစာက ပဲငံပြာရည်စိမ်ဂဏန်းပါလို့ ပြောခဲ့ဖူးပါတယ်။

Sandara Park

2NE1 အဖွဲ့ဝင် Sandara Park ဆို သူမရဲ့နုပျိုမှုကြောင့် လူသိများပါတယ်။ သူ့အကြိုက်ဆုံး အစားအစာကတော့ ကိုရီးယားလူမျိုးတွေ အသည်းစွဲ တော့ပုကီပါ။

Kai

EXO အဖွဲ့ဝင် Kai ကတော့ သူ့အကြိုက်ဆုံးအစားအစာက ကြက်ကြော်ပါ။ ကြက်ကြော်မှာမှ ကိုရီးယားလူမျိုး တွေအထူးနှစ်သက်တဲ့ ချိုစပ်အရသာကို အနှစ်သက်ဆုံးပါလို့ ဝန်ခံထားပါတယ်။

Ref: SBS

Did you find apk for android? You can find new Free Android Games and apps.
Loading