လူတိုင်းငေးမောနေစေမယ့် အသားရေမျိုးပိုင်ဆိုင်ချင်တယ်ဆိုရင် အကောင်းစား Skin Care တွေသုံးနေရုံနဲ့ မလုံ လောက်ပါဘူး။ အရေပြားအတွင်းပိုင်းထိ အာဟာရပြည့်ဝနေဖို့ဆိုရင် စားသောက်ပုံစံမှန်ကန်ဖို့လည်း လိုပါတယ်။ သင်နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ အသားရေထိခိုက်စေမယ့် အစားအသောက်တွေပါနေနိုင်ပါတယ်။ အသားရေပျက်စီးစေမယ့် ရှောင်သင့်တဲ့အစားအစာတွေကို အရေပြားဆရာဝန်တွေကိုယ်တိုင် အကြံပြုထားပါ တယ်။
Soda
ဆော်ဒါလို့ဆိုလိုက်တာနဲ့ နေ့တိုင်းနီးပါးသောက်ဖြစ်နေတဲ့ ဖျော်ရည်တွေက ဗိုက်ပူလို့အလှပျက်ရုံတင်မဟုတ်ဘဲ အသားရေကိုလည်း ထိခိုက်စေပါတယ်။ သောက်ချင်လွန်းလို့ သကြားနည်းတဲ့ Diet သောက်ရင်တောင် ဆိုးကျိုး သက်ရောက်လို့ လုံးဝရှောင်နိုင်တာအကောင်းဆုံးပါပဲ။ သောက်ဖြစ်နေသေးရင်တော့ သင့်အသားရေကို မြန်မြန်ဆန်ဆန် လျော့တွဲစေပါတယ်။
Spicy Foods
အစပ်များတဲ့ အစားအစာတွေက စားလိုက်တိုင်း သွေးကြောတွေကို ပွင့်စေလို့ အသားရေကို ပွယောင်းယောင်း ဖြစ်စေပါတယ်။ ဒါကြောင့် အရေပြားကျွမ်းကျင်ပညာရှင်တွေကတော့ အစပ်များတဲ့အစားအစာတွေကို တတ်နိုင် သလောက်လျော့စားကြဖို့ အကြံပြုထားပါတယ်။
Pasta
လူတယောက်က နေ့စဉ်လိုအပ်ချက်ထက် ကာဗွန်ဟိုက်ဒရိတ်များတဲ့အစာတွေ ပိုစားဖြစ်နေပြီဆိုရင်တော့ Carb Face လို မျက်နှာဖောရောင်လာပါလိမ့်မယ်။ အရေပြားဆရာဝန်တွေကတော့ ကာဗွန်ဟိုက်ဒရိတ်များတဲ့ Pasta တွေများများမိရင် ဝက်ခြံပိုထွက်တယ်လို့ ဆိုပါတယ်။
Dairy
နို့နဲ့နို့ထွက်ပစ္စည်းတွေကထုတ်တဲ့ အစားအစာကြိုက်နှစ်သက်သူတွေမှာတော့ တခြားသူတွေထက် ဝက်ခြံပို ဖြစ်လွယ် ပါတယ်။ ဒီအစားအစာတွေထဲမှာပါတဲ့ ဓာတ်ပစ္စည်းတွေက အသားရေရောင်ရမ်းလွယ်အောင် တွန်း အားပေးလိုက်ရာကနေ စဖြစ်တာပါ။
Potato Chips
အသားရေလှတဲ့ အနုပညာရှင်၊ အရေပြားဆရာဝန်ဘယ်သူပဲဖြစ်ဖြစ် အသင့်စားအာလူးကြော်ကို အတတ်နိုင်ဆုံး ရှောင်ကြပါတယ်။ အဆီဓာတ်နဲ့ အငံဓာတ်များတဲ့ အာလူးကြော်တွေဟာ သင့်အသားရေကို နီရဲရောင်ရမ်းစေလို့ မစားဖြစ်အောင်ကြိုစားပါ။
Fried Chicken
အာလူးကြော်လို နောက်ထပ် အသားရေထိခိုက်စေတာကတော့ ကြက်ကြော်ပါ။ ကျန်းမာရေးအတွက်ရော၊ အပေါ်ယံအလှအတွက်ပါ မသင့်တော်တဲ့ ဆီအများကြီးထဲနှစ်ကြော်ထားတဲ့ ကြက်ကြော်က ဆိုးကျိုးတွေပိုများပါ တယ်။ အသားရေကို ထိခိုက်ပျက်စီးလွယ်ပြီး အသားရောင်မညီညာတာတွေနဲ့
အမည်းစက်တွေ ဖြစ်လွယ်ပါတယ်။
Cupcakes
အရေပြားဆရာဝန်တွေကတော့ အစားအစာတွေထဲမှာ Glycemic ဓာတ်အရမ်းများနေရင် မစားကြဖို့ အကြံပေး ပါတယ်။ ဒီဓာတ်ပါဝင်မှုများတဲ့ အချိုစာတွေ အထူးသဖြင့် Cupcakes တွေနေ့တိုင်းစားမိရင် အရေပြားအတွင်း ပိုင်းက အသားရေတင်းရင်းအောင် အာဟာရပေးနေတဲ့ ကော်လက်ဂျင်ကြိုးတွေ ပျက်စီးသွားလို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။
Ref: Reader’s Digest