Food

အသားစားသုံးမှု နည်းသော နိုင်ငံများ

Want create site? Find Free WordPress Themes and plugins.

သက်သတ်လွတ် စားတဲ့ အလေ့အကျင့်ကို ရှေးဟောင်း အိန္ဒိယမျိုးနွယ်စုတွေနဲ့ ဂရိလူမျိုးတွေက စတင် ကျင့်သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဂရိနိုင်ငံဟာ သက်သတ်လွတ် စားတဲ့ အလေ့အကျင့် ပျောက်ဆုံးသလောက် နီးပါး ဖြစ်လာခဲ့ပါတယ်။

သက်သတ်လွတ်ဆိုရာမှာလည်း နို့ထွက်ပစ္စည်း၊ ပျားရည်နဲ့ အခြား တိရစ္ဆာန်က ရတဲ့ ပစ္စည်းတွေ အားလုံးကို ရှောင်ကြည်တာကိုသာ ဆိုလိုပါတယ်။ သက်သတ်လွတ်စားတဲ့ လူတွေမှာဆိုရင်လည်း အကြောင်းပြချက်မျိုးစုံ ရှိပါတယ်။ တချို့က ဘာသာရေးအရ ရှောင်ကြဉ်ပါတယ်။ တချို့က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ရှောင်ကြဉ်တာ ဖြစ်သလို တချို့က ကျန်းမာရေးအရ ရှောင်ကြဉ်လေ့ ရှိကြပါတယ်။

အခု ဖော်ပြပေးမှာကတော့ သက်သတ်လွတ်စားတဲ့ နိုင်ငံတွေရဲ့ စာရင်းပါ။ အဲဒီ နိုင်ငံတွေထဲမှာဆိုရင် အိန္ဒိယနိုင်ငံက နံပတ် ၁ နေရာက ရှိနေပါတယ်။

(၁) အိန္ဒိယ

အိန္ဒိယနိုင်ငံရဲ့ လူဦးရေ ၃၈ ရာခိုင်နှုန်းက အသားမစားကြသူတွေပါ။ သက်သတ်လွတ်စားခြင်း ဓလေ့က ဗုဒ္ဓနဲ့ ဂျိန်းဝါဒ ပေါ်ပေါက်လာပြီးတဲ့ ဘီစီ ၆ ရာစုနောက်ပိုင်းမှာ လူကြိုက် များလာခဲ့ပါတယ်။ ဒီဘာသာတရား ၂ ခုလုံးက သူတပါး အသက်သတ်ခြင်းကို အားမပေးဘဲ သက်ရှိ သတ္တဝါတွေအပေါ်မှာ အလေးထား ဆက်ဆံရမယ်လို့ သွန်သင်ထားခဲ့သလို အကြမ်းမဖက်ရေးကို အားပေးပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အသားစားသုံးမှု အနည်းဆုံး နိုင်ငံဆိုပေမယ့် ကမ်းရိုးတန်း ပြည်နယ်တွေဖြစ်တဲ့ အနောက်ဘင်္ဂလားနဲ့ ကီရာလာတွေမှာတော့ အသားစားသုံးမှုနှုန်းက မြင့်မားပါတယ်။ အခုအခါမှာဆိုရင်တော့ အိန္ဒိယနိုင်ငံရဲ့ သက်သတ်လွတ်စားခြင်းဓလေ့ဟာ ဂျိန်းဘာသာဝင်တွေ၊ ဗြဟ္မဏပုဏ္ဏားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေ အကြားမှာတော့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါတယ်။

(၂) အစ္စရေး

သက်သတ်လွတ်စားတဲ့ လူဦးရေစာရင်းမှာ အစ္စရေးနိုင်ငံက ဒုတိယနေရာက ရပ်တည်နေပါတယ်။ အစ္စရေးနိုင်ငံရဲ့ လူဦးရေ ၁၃ ရာခိုင်နှုန်းက အသားစားလေ့ မရှိကြပါ။ အစ္စရေးနိုင်ငံရဲ့ သက်သတ်လွတ်စားခြင်းဓလေ့ဟာ ဂျူးဘာသာနဲ့လည်း သက်ဆိုင်မှု ရှိနေပါတယ်။ ဒါပေမယ့်လည်း အစ္စရေးနိုင်ငံရဲ့ ဘာသာမဲ့တချို့တွေကပါ အသားစားခြင်းဓလေ့ကို ရှောင်ကြဉ်လာကြပါတယ်။

အခုဆိုရင်တော့ အစ္စရေးနိုင်ငံရဲ့ စာသောက်ဆိုင်အများစုဟာ သက်သတ်လွတ် အစားအသောက်တွေကိုသာ ရောင်းချလာကြပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ တဲလ်အဗစ်မြို့မှာ သက်သတ်လွတ်ပွဲတော်ကို ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတော်ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး သက်သတ်လွတ်ပွဲတော်ဖြစ်ပြီး လူပေါင်း ၁ သောင်းခွဲ တက်ရောက်ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း တဲလ်အဗစ်မြို့ဟာ သက်သတ်လွတ်ကြိုက်တဲ့ ခရီးသွားတွေအတွက် အကောင်းဆုံးမြို့အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

(၃) ထိုင်ဝမ်

ထိုင်ဝမ်နိုင်ငံကတော့ သက်သတ်လွတ်စားတဲ့ နိုင်ငံစာရင်းမှာ တတိယနေရာက ရပ်တည်နေပါတယ်။ ထိုင်ဝမ် လူဦးရေ ၁၂ ရာခိုင်နှုန်းက အသားမစားကြပါဘူး။ ထိုင်ဝမ်မှာရှိတဲ့ ဗုဒ္ဓဘာသာ အများစုကလည်း အသားစားလေ့ မရှိတဲ့အတွက် ဒီယဉ်ကျေးမှုဟာ ထိုင်ဝမ်မှာ ဆက်ပြီး ပျံ့နှံ့နေတုန်းပါ။ အသားမစားကြတဲ့ ဒေသခံတွေက ဆောင်ပုဒ်တခုနဲ့ လူတွေ အသားမစားကြဖို့ လှုံ့ဆော်မှုတွေ ပြုကြပါတယ်။ အဲဒီဆောင်ပုဒ်ကတော့ “တပတ်မှာ တရက်လောက် အသီးအရွက်စားခြင်းက ကိုယ့်ဒေသနဲ့ ကိုယ့်နိုင်ငံ အကျိုးကို သယ်ပိုးတာနဲ့ တူတူပါပဲ” တဲ့။

(၄) အီတလီ

ဥရောပနိုင်ငံတွေထဲမှာဆိုရင်တော့ အီတလီဟာ သက်သတ်လွတ်စားတဲ့ လူဦးရေ အများဆုံး နိုင်ငံပါ။ အီတလီနိုင်ငံ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းက အသားစားလေ့ မရှိကြပါဘူး။ အီတလီလူမျိုးတွေ အသားမစားခြင်းကတော့ ဘာသာရေးနဲ့ သက်ဆိုင်မှု မရှိဘဲ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့သာ သက်ဆိုင်ပါတယ်။ အသားမစားသူ အရေအတွက်ကလည်း တနှစ်ထက်တနှစ် တိုးတိုးလာနေပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ တူရင်မြို့တော်ကို သက်သတ်လွတ်မြို့တော်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအစီအစဉ်ကို မြို့တော်ဝန်ဖြစ်တဲ့ Chiara Appendino က လက်ခံခဲ့ပေမယ့် မြို့သားအများစုက သဘောမတူခဲ့ကြပါဘူး။ အီတလီနိုင်ငံရဲ့ အသားမစားကြသူတွေရဲ့ ရည်ရွယ်ချက်ကတော့ တိရစ္ဆာန်အခွင့်အရေးကို ကာကွယ်ပေးခြင်းဖြစ်သလို သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့ကျန်းမာရေးကို စောင့်ရှောက်နိုင်ဖို့အတွက်ပါ။

နောက်ထပ် သက်သတ်လွတ်စားတဲ့ နိုင်ငံလူဦးရေထဲမှာ သြစတြီးယား၊ ဂျာမနီနဲ့ အင်္ဂလန်နိုင်ငံက ၉ ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံက ၈ ရာခိုင်နှုန်း ၊ အိုင်ယာလန်နိုင်ငံက ၆ ရာခိုင်နှုန်း နဲ့ သြစတေးလျက ၅ ရာခိုင်နှုန်းနဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

Ref : worldatlas

Did you find apk for android? You can find new Free Android Games and apps.
Loading