သင်သွားစားဖူးတဲ့ နာမည်ကြီးစားသောက်ဆိုင်တွေက စားဖိုမှူးတွေ ချက်ပြုတ်တဲ့ ဟင်းလျာတွေကို ကိုယ်တိုင်ချက်ပြုတ်ဖို့ စိတ်ကူးဖူးပါသလား။ စိတ်ကူးဖူးတယ်ဆိုရင်တော့ သင့်အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ ကမ္ဘာကျော် စားဖိုမှူးတွေရဲ့ လျှို့ဝှက်နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။ ချက်ပြုတ်နည်း အသေးစိတ်တော့ မပါပေမယ့် ပိုမိုကောင်းမွန်အောင် ဘယ်လို ချက်ပြုတ်ရမလဲ ဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
(၁) ပီဇာ
နာမည်ကျော်ပီဇာဆိုင်က စားဖိုမှူးတွေရဲ့ လျှို့ဝှက်နည်းလမ်းကတော့ ပထမဆုံးအနေနဲ့ Oven ကို မိနစ် ၃၀ ခန့် အပူပေးပါ။ ပြီးသွာရင် သင်အဆင်သင့် ပြုလုပ်ထားတဲ့ ပီဇာအချပ်ကို Oven ထဲထည့်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်အထိ ဖုတ်နိုင်ပါတယ်။ တခုသတိထားရမှာက ပထမဆုံး Oven ကို အပူပေးတဲ့အခါ အမြင့်ဆုံး အပူချိန်ကို ထားဖို့နဲ့ ပီဇာ အထဲရောက်တဲ့ အခါမှာတော့ အပူချိန်ကို ထိန်းညှိပေးဖို့ ဖြစ်ပါတယ်။
(၂) ထမင်းကြော်
မြန်မာနိုင်ငံမှာတော့ ဆန်ဟာ အဓိက စားစရာဖြစ်လို့ သင်တို့အားလုံးမှာ ထမင်းကြော်တဲ့ ကိုယ်ပိုင်နည်းတွေ ရှိမယ်လို့ ထင်ပါတယ်။ ထမင်းကို ပုံမှန် မနက်စာ စားသလိုမဟုတ်ဘဲ ဆီထမင်းပုံစံ ကြော်မယ် ဆိုရင်တော့ ထမင်းကြမ်းကို မသုံးဘဲ ဆန်ကို သုံးဖို့ အကြံပြုချင်ပါတယ်။ အိုးမှာ ထောပတ်အနည်းငယ်ကို သုတ်ထားပြီး ဆန်ကို ထည့်ပါ။ ဆန်ပုံစံ စပြီး ပြောင်းလာပြီဆိုရင် ရေထည့်လိုက် ချက်လိုက် ပြုလုပ်ရုံပါပဲ။ မိနစ် ၂၀ လောက် ကြာတဲ့အခါ မြန်မာ့ရိုးရာ ဆီထမင်းပုံစံ ထမင်းကြော်ကို ရရှိနိုင်ပါပြီ။
(၃) မုန်လာဥနီ
သင်ကိုယ်တိုင် မုန်လာဥနီကို ပြုတ်တဲ့ အခါတွေမှာ အရောင်ပြောင်းသွားတာကို ကြုံဖူးပါသလား။ မုန်လာဥနီကို ဟင်းချက်တဲ့အခါ ဒါမှမဟုတ် ပြုတ်စားတဲ့ အခါတွေမှာ သူ့ရဲ့ မူရင်းအရောင်ဖြစ်တဲ့ လိမ္မော်ရောင်ကို ရရှိနေဖို့ အတွက် မပြုတ်ခင် အခွံနွှာဖို့ လိုပါတယ်။
(၄) အာလူးထောင်း
အာလူးထောင်းပြုလုပ်ဖို့ အတွက် အရင်ဆုံး အာလူးကိုပြုတ်ရတာ အားလုံးက သိပြီးဖြစ်မှာပါ။ ဒါပေမယ့် အာလူး အမျိုးအစားတခုတည်းကိုပဲ ပြုတ်တဲ့ အခါမှာ အရသာပေါ့သွားတာ ပြီးတော့ တော်တော်နဲ့ ထောင်းရအဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ ဒီလို မဖြစ်အောင် ပြုလုပ်ရမယ့် နည်းလမ်းကတော့ အမျိုးအစားမတူတဲ့ အာလူးတွေကိုရောပြီး ပြုတ်တာပါပဲ။
Ref ; brightside