Food

ကော်ဖီချစ်သူတွေ မြည်းစမ်းကြည့်သင့်တဲ့ ကမ္ဘာတဝှမ်းက ထူးထူးဆန်းဆန်း ကော်ဖီများ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝှမ်းက နိုင်ငံအသီးသီးပေါ် မူတည်ပြီး ကော်ဖီဖျော်စပ်ပုံတွေနဲ့ ကော်ဖီထုတ်လုပ်မှုတွေဟာ ကွဲပြားခြားနားလေ့ ရှိတတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကော်ဖီချစ်သူတိုင်း မြည်းစမ်းကြည့်သင့်တဲ့ ကမ္ဘာတဝှမ်းက ထူးထူးဆန်းဆန်း ကော်ဖီတွေ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) ဆင်ချေးတုံး ကော်ဖီ

နာမည်ကြားလိုက်ရုံနဲ့ သောက်ချင်စိတ် ပျောက်သွားစေမယ့် ကော်ဖီဆိုပေမယ့် သာမန်ကော်ဖီတွေထက် ၄ ဆခန့် ဈေးပိုကြီးတဲ့အပြင် Filter တွေနဲ့ စစ်ပြီး ဖျော်စပ်ထားတာကြောင့် ဆင်ရဲ့ မစင်တွေတော့ ပါဝင်နေမှာ မဟုတ်ပါဘူး။ လတ်ဆတ်တဲ့ ကော်ဖီသီးမှည့်တွေကို ထိုင်းနိုင်ငံက မွေးမြူထားတဲ့ ဆင်တွေကို ကျွေးမွေးပြီး ဆင်တွေရဲ့ အစာခြေ လမ်းကြောင်းကနေ မစင်အဖြစ် အစေ့လိုက် ထွက်ရှိလာတဲ့ ကော်ဖီစေ့တွေကို ကော်ဖီမှုန့်အဖြစ် ပြန်လည် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

(၂) ဒူးရင်းသီး ကော်ဖီ

ကမ္ဘာတဝှမ်းက ထင်ရှားကျော်ကြားတဲ့ ကော်ဖီတွေထဲက တခုဖြစ်တဲ့ ဒူးရင်းသီး ကော်ဖီကိုတော့ ဒူးရင်းသီး ကြိုက်သူတွေ အကြိုက်တွေ့ကြမှာ ဖြစ်ပါတယ်။ ဒူးရင်းသီးရဲ့ ချိုမြိန်ပြီး စူးရှတဲ့ အနံ့နဲ့ ကော်ဖီခါးခါးကို ပေါင်းစပ်ထားတာကြောင့် ကော်ဖီချစ်သူတွေရော ဒူးရင်းသီးကြိုက်သူတွေပါ မြည်းစမ်းကြည့်သင့်တဲ့ ကော်ဖီတမျိုးပဲဖြစ်ပါတယ်။

(၃) ငရုတ်ကောင်းစေ့ ကော်ဖီ

ဒီကော်ဖီကတော့ အာဖရိကမှာရှိတဲ့ ဆီနီဂေါနိုင်ငံမှာ ရေပန်းစားတဲ့ ကော်ဖီတမျိုးပဲဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ကော်ဖီမှုန့်ထဲမှာ သကြား၊ ငရုတ်ကောင်းစေ့နဲ ငရုတ်ကောင်းမှုန့်တို့ကို အချိုးကျ ရောစပ်ကာ သောက်သုံးကြတဲ့ ကော်ဖီတမျိုးပဲ ဖြစ်ပါတယ်။

(၄) Kopi Gu Yu

အာရှနိုင်ငံတွေ ဖြစ်တဲ့ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက ကော်ဖီဆိုင်တွေမှာ ရောင်းချလေ့ ရှိကြတဲ့ ကော်ဖီ တမျိုးဖြစ်ပြီး နို့နဲ့ ထောပတ်တို့ကို အဓိက အသုံးပြုကာ ကော်ဖီနဲ့ ဖျော်စပ် သောက်သုံးကြတာပဲ ဖြစ်ပါတယ်။

(၅) Avolatte

နို့နဲ့ ကော်ဖီ ရောစပ်ထားတဲ့ Latte ကော်ဖီကို ထောပတ်သီးရဲ့ အနံ့ ရရှိအောင်လို့ ထောပတ်သီး အခွံထဲထည့်ကာ ဖျော်စပ် သောက်သုံးကြတဲ့ ကော်ဖီတမျိုးပဲ ဖြစ်ပါတယ်။

Ref : www.oddee.com

Did you find apk for android? You can find new Free Android Games and apps.
Loading