နေ့စဉ်စားသုံးနေကျ သရေစာတွေနဲ့ အစားအစာတွေရဲ့ နောက်ကွယ်က အမှန်တရားတွေ အကြောင်းကို သိပ္ပံပညာရှင်တွေဟာ လေ့လာတွေ့ရှိခဲ့ကြပြီး ဒီထဲကမှ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
(၁) မုန်လာဥနီ
မုန်လာဥနီတွေရဲ့ မူလအစအရောင်ဟာ ခရမ်းရောင်တွေဖြစ်ကြပြီး ၁၆ ရာစုလောက်ကနေစပြီး လိမ္မော်ရောင် မုန်လာဥနီတွေကို စတင်စိုက်ပျိုးခဲ့ကြတာပဲ ဖြစ်ပါတယ်။ မုန်လာဥရဲ့ မျိုးရင်းအရောင်တွေကတော့ အဖြူရောင်နဲ့ ခရမ်းရောင်တို့ပဲ ဖြစ်ကြပါတယ်။။
(၂) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးတွေကို လွန်ခဲ့တဲ့ ၁၈ ရာစုလောက်က “The Poison Apple” အဆိပ်ရှိတဲ့ပန်းသီးလို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ အဲဒီခေတ်က မင်းမျိုးမင်းနွယ်တဦးဟာ ခရမ်းချဉ်သီးကို စားမိပြီး အစာအဆိပ်သင့်ကာ သေဆုံးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။
(၃) Cracker
သရေစာအဖြစ် စားသုံးလေ့ရှိကြတဲ့ Cracker တွေဟာ အချိုဓာတ်များလွန်းတဲ့ သကြားလုံးတွေထက် သွားတွေကို ပိုမိုပျက်စီးစေနိုင်တယ်လို့ သွားဆရာဝန်တွေက ဆိုပါတယ်။ Cracker တွေကို ဝါးစားပြီးတဲ့အခါ ခံတွင်းနဲ့သွားထဲမှာ စေးကပ်ပြီးကျန်ခဲ့တာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားလာရာကနေ သွားတွေကို ထိခိုက်ပျက်စီးစေတာပဲ ဖြစ်ပါတယ်။
(၄) ပျားရည်
ပျားရည်စစ်စစ်ဟာ ဘယ်တော့မှ ပုပ်သိုးပျက်စီးသွားနိုင်ခြင်းမရှိဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ပျားရည်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အက်ဆစ်ဓာတ်အများအပြားပါဝင်တာကြောင့် နှစ်ပေါင်းများစွာကြာတဲ့အထိ လတ်ဆတ်နေနိုင်တာပဲဖြစ်ပါတယ်။
(၅) ကနုကမာကောင်
ပင်လယ်စာတွေ မှာယူစားသုံးကြတဲ့အခါ ကနုကမာကောင် (သို့မဟုတ်) ယောက်သွားတွေကို အစိမ်းစား တတ်ကြပါတယ်။ လေ့လာချက်တွေအရ ဒီ ကနကမာကောင်လို့လည်းခေါ်ကြတဲ့ ယောက်သွားတွေဟာ ရေအောက်မဟုတ်တဲ့ တခြားနေရာမှာ ၂ ပတ်ခန့်အထိ အသက်ရှင်နိုင်ကြတာကြောင့် ဝါးစားလိုက်တဲ့အခါမှာတောင် သူတို့ဟာ အသက်ရှင်နေကြပါသေးတယ်။ ဒီကနုကမာကောင်တွေမှာ ပင်မအာရုံကြောစနစ်မရှိတာကြောင့် သူတို့ဟာ နာကျင်မှုကိုတော့ မခံစားကြရပါဘူး။
Ref : www.thisisinsider.com