Food

ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ အထင်မှားတတ်ကြတဲ့ အစားအစာများ

Want create site? Find Free WordPress Themes and plugins.

အခုနောက်ပိုင်းမှာဆိုရင် လူအများစုဟာ ကျန်းမာရေးနဲ့ ပက်သတ်တဲ့ ဗဟုသုတတွေ ရှိလာနဲ့အညီ အစားအစာတွေ ရွေးချယ်စားသုံးတဲ့ အခါမှာလည်း ကျန်းမာရေးအတွက် စိတ်ချရမယ့် အစားအစာမျိုးကိုသာ ရွေးချယ်ဝယ်ယူ စားသုံးလာကြပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာဆိုတာကတော့ ခန္ဓာကိုယ်အတွက် အာဟာရပြည့်ဝမှုတွေ ပေးနိုင်တဲ့အပြင် ဘေးထွက် ဆိုးကျိုးနည်းတဲ့ အစားအစာတွေကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ လူအများက အထင်မှားတတ်ကြတဲ့ အစားအစာတွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) အဆီထုတ်ထားတဲ့ အစားအစာများ

ဒိန်ချဉ်၊ မြေပဲ၊ ထောပတ် စတဲ့ အစားအစာတွေကို ၁၉၉၀ ခုနှစ်လောက်ကစတင်ကာ အဆီထုတ်ပြီး ထုတ်လုပ်ခဲ့ကြတာ ရေပန်းစားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အာဟာရပညာရှင်တွေဟာ တချို့သော အစားအစာတွေမှာ ပါဝင်တဲ့ အဆီဓာတ်ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ထိခိုက်မှုမရှိစေနိုင်ဘူးလို့ ယုံကြည်လာကြပြီပဲ ဖြစ်ပါတယ်။ အစားအစာတွေမှာပါဝင်တဲ့ အဆီဓာတ်ကို ဓာတုပစ္စည်းတွေ အသုံးပြုကာ ဖယ်ထုတ်လိုက်တဲ့အခါ ကျန်းမာရေးအပေါ်ဆိုးကျိုးတွေကိုသာ သက်ရောက်စေနိုင်ပါတယ်။

(၂) အသီးဖျော်ရည်များ

အသီးဖျော်ရည်တွေကို ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်တတ်ကြပေမယ့် အသီးဖျော်ရည်တွေမှာ ပါဝင်တဲ့ သကြားဓာတ်ဟာ ဆိုဒါတဘူးမှာ ပါဝင်တဲ့ သကြားပမာဏနဲ့ အတူတူသာဖြစ်တာကြောင့် ကျန်းမာရေးအတွက်တော့ စိတ်မချရပါဘူး။

(၃) အသီးအနှံ အကြွပ်ကြော်မုန့်များ

အသီးအနှံတွေဟာ ကျန်းမာရေးအတွက် အကျိုးရှိတာမှန်ပေမယ့် အသီးအနှံတွေကို အကြွပ်ကြော်ထားတဲ့ Snack တွေကတော့ ဆား၊ ပြည့်ဝဆီနဲ့ အရသာနဲ့ အရောင်အဖြစ် ထည့်သွင်းထားတဲ့ Artificial Color တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် စိတ်မချရပါဘူး။

(၄) လှော်ထားတဲ့ မုန့်များ

ဆီကြော်မုန့်တွေဟာ ကျန်းမာရေးနဲ့ မသင့်တော်တာကြောင့် လူအများက ရှောင်ကြဉ်ပြီး လှော်ထားတဲ့ မုန့်တွေကို စားတတ်ကြပါတယ်။ လှော်ထားတဲ့ အလှော်မုန့်တွေမှာ ဆားဓာတ် ပိုမိုပါဝင်တာကြောင့် မကြာခဏစားသုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

Ref : www.tasteofhome.com

Did you find apk for android? You can find new Free Android Games and apps.
Loading