ရေညှိဟင်းရည်ဆိုတာ ကိုရီးယားလူမျိုးတွေ မွေ့နေ့အထိမ်းအမှတ်အဖြစ် သောက်ကြတဲ့ ဟင်းရည်တမျိုးပါ။ မွေးနေ့အပြင် အထိမ်းအမှတ်နေ့တွေမှာပါ ချက်ပြုတ်ကြပါတယ်။ ကလေးမွေးပြီးခါစ မိခင်တွေကို တိုက်ရင် နို့ထွက်ကောင်းတာမို့ ဆေးရုံတွေမှာ ရေညှိဟင်းရည် ထည့်တိုက်ကြပါတယ်။
ရေညှိမှာ သတ္တုဓာတ်နဲ့ ဗီတာမင် တွေအပြင် သံဓာတ်၊ ဇင့်ဓာတ်၊ Antioxidants တွေက ဆဲလ်တွေပျက်စီးဆုံးရှုံးမှုကို တားဆီးပေးနိုင်သလို အိုင် အိုဒင်းဓာတ်က ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေပါတယ်။
အာဟာရဓာတ်များတဲ့ ရေညှိဟင်းရည်ချက်ပြုတ်ပြင်ဆင်ဖို့ —
ရေညှိခြောက်
အမဲခါးဆစ်ရိုး
ပဲပြား
နှမ်းဆီ
ပဲငံပြာရည်
ဆား
ရေ – ၆ ခွက်
ကြက်သွန်ဖြူ တို့လိုအပ်ပါတယ်။
အရင်ဆုံး ရေညှိဟင်းရည်ထဲထည့်ဖို့ အမဲခါးဆစ်သားတွေကို သေချာသန့်စင်ထားပါ။ ရေညှိခြောက်တွေကို ဇလုံ အကြီးထဲမှာ ပျော့သွာတဲ့အထိ စိမ်ပါ။ ပျော့သွားပြီဆိုရင် ရေစစ်ပြီး နှစ်လက်မအရွယ်တော်လောက် ပိုင်းဖြတ် ထားပါ။
အိုးတလုံးထဲ အမဲခါးဆစ်ရိုး၊ ပဲငံပြာရည်အနည်းငယ်၊ နှမ်းဆီ၊ ဆားအနည်းငယ်ထည့်ပြီး ၁ မိနစ် လောက် တည်ပါ။ ပြီးရင် ရေညှိ၊ ပဲငံပြာရည်အနည်းငယ်ထပ်ထည့်ကာ နောက်ထပ် ၁ မိနစ်လောက် နှံ့အောင်မွှေပြီး တည်ပါ။ ရေ ၂ ခွက်လောင်း ထည့်ပြီး ထောင်းထားတဲ့ကြက်သွန်ဖြူထည့်ပါ။
ပွက်ပွက်ဆူလာရင် ပဲပြားထည့်ကာ ကျန်တဲ့ ရေ ၄ ခွက်ထပ်ထည့်ပြီး ဆူအောင်တည်ပါ။ မိနစ် ၂၀ လောက်ပွက် ပွက်ဆူအောင် ထပ်တည်လိုက်ရင် အချိုရည်တွေထွက်လာပါလိမ့်မယ်။ အပေါ့အငန် အရသာမြည်းကြည့်ပြီး အဆင်ပြေပြီဆိုရင် ရေညှိဟင်းရည် ရပါပြီ။ အမဲသားနေရာမှာ ပင်လယ်စာ၊ ဝက်ရိုးတွေကို အစားထိုးအသုံး ပြုနိုင်ပါတယ်။
Ref: Allrecipes