စပျစ်သီးစားခြင်းကနေ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရရှိနိုင်သလိုပဲ စပျစ်သီးအစေ့မှာဆိုရင်လည်း သင်မသိသေးတဲ့ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
ယနေ့ခေတ်မှာလည်း စပျစ်သီးအစေ့က ရတဲ့ အာဟာရဓာတ်တွေကနေ ဆေးဝါးတွေနဲ့ ဖြည့်စွက်စာတွေ ထုတ်လုပ်လာတာကြောင့် စပျစ်သီးစားတဲ့အခါ ဘာကြောင့် အစေ့ပါ ဝါးစားသင့်လဲဆိုတဲ့ အကြောင်းအရင်းတွေ ဖော်ပြပေးလိုက်ပါတယ်။
(၁) မှတ်ဉာဏ် စွမ်းရည်ကို ပိုမိုကောင်းမွန်စေတယ်
စပျစ်သီးအစေ့မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ အာရုံစူးစိုက်မှု အားကောင်းစေပြီး အရွယ်မတိုင်ခင် မှတ်ဉာဏ်ဆုံးရှုံးခြင်းကို ကာကွယ်ပေးနိုင်ပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ပိုမိုကောင်းမွန်စေပါတယ်။
(၂) အမြင်အာရုံကို ကောင်းမွန်စေတယ်
စပျစ်သီးအစေ့မှာ ပါဝင်တဲ့ Proanthocyanidins ဆိုတဲ့ Antioxidant တမျိုးဟာ မျက်လုံးအတွင်းက သွေးကြောငယ်လေးတွေကို ကောင်းမွန်စေတာကြောင့် မျက်စိ ကျိန်းစပ်ခြင်း၊ မျက်စိ ပူခြင်းနဲ့ အတွင်းတိမ်ရောဂါတွေအတွက်ပါ ကောင်းမွန်စေတဲ့အပြင် အသက်အရွယ်ကြောင့် အမြင်အာရုံ မှုန်ဝါးခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) အရေးအကြောင်းတွေကို လျော့ကျစေပြီး အသားအရေကို စိုပြည်ကြည်လင်စေတယ်
စပျစ်သီးအစေ့မှာ ပါဝင်တဲ့ Antioxidant ဟာ အရေးအကြောင်းတွေကို လျော့ကျစေနိုင်ပြီး အသားအရေ ညိုညစ် မွဲခြောက်ခြင်းတွေကိုလည်း ပြန်လည်စိုပြည်စေနိုင်ပါတယ်။ မျက်လုံးတဝိုက်က အရေးအကြောင်းတွေ ဖြစ်ပေါ်လာမှုကို လျော့ကျစေနိုင်တဲ့အပြင် အသားအရေကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
(၄) ကိုလက်စထရော ပမာဏကို ကျဆင်းစေတယ်
ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောတွေကို စပျစ်သီးအစေ့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက တိုက်ဖျက်ပေးနိုင်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေတဲ့အပြင် Heart Attack ဖြစ်ခြင်းနဲ့ လေဖြတ်နိုင်ခြေတို့ကိုပါ လျော့ကျစေနိုင်ပါတယ်။
(၅) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်
စပျစ်သီး အစေ့မှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်နဲ့ Antioxidant တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်း ကောင်းမွန်စေပါတယ်။
Ref : www.herbalone.com