ဆွဲဆောင်မှုအားကောင်းတဲ့ သရုပ်ဆောင်တွေ၊ အဆိုတော်တွေကြောင့် တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာတဝန်း က ပရိသတ်တွေကို ဆွဲဆောင်နိုင်သလိုပဲ တဖက်မှာလည်း အစားချစ်သူတွေကို ဆွဲဆောင်နေတဲ့ အရသာထူး ကဲတဲ့ အစားအစာတွေ ရှိနေပါတယ်။
နိုင်ငံတကာအစားသောက်ချစ်သူတွေကြား နေရာယူလာပြီဖြစ်တဲ့ ကိုရီး ယားအစားအစာတွေထဲမှာ မဖြစ်မနေမြည်းစမ်းကြည့်သင့်တဲ့ အစားအစာတွေအကြောင်း ပြောပြချင်ပါတယ်။
Triangle Kimbap
ရိုးရိုးရေညှိထမင်းလုပ်ပုံစံမျိုးမဟုတ်ဘဲ တြိဂံပုံရေညှိထမင်းလိပ်က ကိုရီးယားနိုင်ငံရဲ့ ကျောင်းသားတွေကြား ရေ ပန်းစားပါတယ်။ ထမင်းထဲ အရသာအမျိုးမျိုးထည့်သွင်းထားပြီး နေရာတိုင်းမှာရှိတဲ့ ၂၄ နာရီစူပါမားကတ်ဆိုင် တွေမှာ ဝယ်ယူနိုင်ပါတယ်။ တူနာ၊ ကင်မ်ချီ၊ အသားပြား အရသာအမျိုးမျိုးရှိတဲ့ တြိဂံပုံရေညှိထမင်းလိပ်တခုကို ဒေါ်လာ ပြား ၇၀ လောက်နဲ့ ရနိုင်ပါတယ်။
Banana Milk
သောက်နေကျ ရိုးရိုးနွားနို့အရသာမျိုးမဟုတ်ဘဲ ချိုချိုအီအီလေးနဲ့ ငှက်ပျောသီးအနံ့အရသာ ခံစားရမယ့် ငှက် ပျောသီးနွားနို့ပါ။ ကလေးငယ်တွေကြိုက်ကြတဲ့အပြင် လူကြီးတွေပါနှစ်သက်တဲ့ ငှက်ပျောသီးနွားနို့ကို စူပါမား ကတ်ဆိုင်လေးတွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။
Ttekbokki
တော့ပုကီကတော့ ကိုရီးယားနိုင်ငံရဲ့ အထိမ်းအမှတ်အစားအစာတခုလို့တောင် တင်စားချင်ပါတယ်။ ကိုရီးယား ကို အလည်ပတ်ရောက်သူတိုင်း မဖြစ်မနေမြည်းစမ်းကြတဲ့ အစားအစာဖြစ်သလို ကိုရီးယားလူမျိုးတွေကိုယ်တိုင် အကြိုက်ဆုံး အစားအစာပါ။ လမ်းဘေးမှာ အလွယ်တကူဝယ်စားလို့ရတဲ့ ရိုးရိုးတော့ပုကီအပြင် ခေါက်ဆွဲ၊ အသားပြားတွေနဲ့ ချက်ပြုတ်ပြင်ဆင်ပေးတဲ့ တော့ပုကီဆိုင်တွေရှိသလို နောက်ပိုင်း ဘူဖေးပုံစံမျိုးနဲ့ပါ တော့ပုကီ ကို ကိုယ်တိုင်စိတ်ကြိုက် ချက်ပြုတ်လို့ရတဲ့ ဆိုင်တွေပါ ဖွင့်လာကြပါပြီ။
Soondae
တော့ပုကီလိုပဲ ကိုရီးယားမှာ နောက်ထပ်လူကြိုက်များတာကတော့ ဆွန်းဒယ်ပါ။ ဝက်အူ ဒါမှမဟုတ် အမဲအူထဲ ကို ကြာဆန်၊ ငရုတ်ကောင်းနဲ့ အရသာတွေအစာသွပ်ထားတဲ့ ဆွန်းဒယ်ကို ဒီအတိုင်းဆားနဲ့တို့စားကြသလို၊ စွပ် ပြုတ်၊ အကြော်ပုံစံမျိုးလည်းရှိပါတယ်။
Cheese Galbi
မြင်နေကျ နံရိုးကင်မျိုးမဟုတ်ဘဲ ကိုရီးယားမှာပဲ တွေ့နိုင်မယ့် ချိစ်နံရိုးကင်ပါ။ နံရိုးကင်ကို ချိစ်နဲ့တို့စားရတဲ့ အရ သာကတော့ စားနေကျအရသာနဲ့မတူကွဲထွက်ပြီး ကိုယ်တိုင်မြည်းစမ်းကြည့်မှာပဲ ဘယ်လောက်ကောင်းကြောင်း သိနိုင်မှာပါ။
Patbingsoo
နိုင်ငံတော်တော်များများမှာ ရေခဲခြစ် မျိုးစုံရှိကြပေမယ့် ကိုရီးယားရေခဲခြစ် Bingsoo ကတော့ ထူးခြားနေပါ တယ်။ ရေခဲခြစ်ပေါ်မှာ ပဲနီတွေအများကြီးဆမ်းထားလို့ ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းသလို၊ နှစ်သက်ရာအရသာ အပြင် အသီးအနှံတွေပါ ထည့်ဖြည့်ထားတော့ ချိုချိုမွှေးမွှေးလေးနဲ့ ပိုစားကောင်းပါတယ်။
Jajangmyeon
ကိုရီးယားဇာတ်လမ်းတွဲတိုင်းမှာ မြင်နေကျမို့ ပဲခေါက်ဆွဲကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ အသီး အရွက်တွေနဲ့ ပဲအနှစ်ရောထားတဲ့ခေါက်ဆွဲကို မုန်လာဥချဉ်လေးနဲ့ တွဲဖက်စားလိုက်ရတဲ့အရသာက ကိုရီးယား လူမျိုးတွေအပြင် နိုင်ငံတကာက အစားသောက်ချစ်သူတွေပါ အကြိုက်တွေ့ကြပါတယ်။
Fried Chicken
ကြက်ကြော်ဆို နိုင်ငံတိုင်းလိုလိုမှာရှိလို့ မထူးဆန်းပေမယ့် ကိုရီးယားနိုင်ငံရဲ့ကြက်ကြော်အရသာကတော့ တမူ ထူးခြားပါတယ်။ ငရုတ်ဆော့အနှစ်နဲ့ကြော်ထားတဲ့ ပူစပ်စပ်ကြက်ကြော်ရှိသလို ပုံမှန်ကြက်ကြော်အချိုကို မြေပဲမှုန့် လေးဖြူးထားတဲ့အရသာလည်း ရှိပါတယ်။ အအီပြေ ကြက်ကြော်နဲ့တွဲဖက်စားတဲ့ မုန်လာချဉ်ကလည်း တမျိုးစွဲ မက်စရာပါ။ အချို၊ အစပ်အပြင် အခုနောက်ပိုင်း ကြက်ကြော်ကို ချိစ်နဲ့တွဲစားတာ ခေတ်စားပါတယ်။
Ref: Spoon University