ဒီတပတ်တော့ အရသာထူးခြားပြီး အစပ်ကြိုက်သူတွေ နှစ်သက်မယ့် ဟင်းလျာတမျိုးနဲ့ မိတ်ဆက်ပေးချင်ပါ တယ်။ ပြင်ဆင်ချက်ပြုတ်ရတာ လွယ်ကူသလို ထမင်းမြိန်စေမယ့် ဟင်းပါ။ အရှေ့တောင်အာရှဒေသထွက် ကျွဲ ကောသီးရယ်၊ ပင်လယ်စာတွေထဲကမှ အရသာရှိပြီး လူတိုင်းကြိုက်တဲ့ ဂဏန်းနဲ့ တွဲဖက်ပြင်ဆင်ထားလို့ မိသား စုထမင်းဝိုင်းမှာ မျက်နှာပန်းလှစေမယ့် ဟင်းတခွက်ပါ။
ယိုးဒယားစတိုင် ကျွဲကောသီးနဲ့ ဂဏန်းသုပ်ဖို့ —
ဂဏန်း
ကျွဲကောသီး
စပါးလင်
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း
ဂျင်း
ရှောက်ရွက်
သကြား
ငံပြာရည်
Rice wine vinegar
နံနံပင်
ပင်စိမ်း
ကြက်သွန်မြိတ် တို့ လိုအပ်ပါတယ်။
အသုပ်မသုပ်ခင် ဂဏန်းကို သေချာဆေးကြောပြီး ပေါင်းထားပါ။ ကျွဲကောသီးကို အစိတ်ကနေ အမျှင်လေးတွေ နွှင်ထားပါ။ အသုပ်ထဲထည့်ဖို့ ငရုပ်သီး၊ ကြက်သွန်ဖြူ၊ ရှောက်ရွက်၊ စပါးလင်တို့ကို ကြိတ်စက်ထဲထည့်ကြိတ်ပါ။
ပေါင်းထားတဲ့ ဂဏန်းကို အသားတွေချည်းရအောင် နွှင်ပါ။ လက်ညှပ်တွေကို ငရုပ်ဆုံထဲထည့်ပြီး အနည်းငယ် ထုထောင်း ထားပါ။ ဂဏန်းအပြင် တခြားပင်လယ်စာတွေပါ ထပ်ထည့်နိုင်ပါတယ်။ တခြားနည်းတွေမှာတော့ ဂဏန်းကိုမပေါင်းဘဲ အစိမ်းသုပ်တာမျိုးလည်းရှိပါတယ်။ အစိမ်းသုပ်တဲ့အခါ ဂဏန်းအသား အထူးလတ်ဆတ်ဖို့ လိုပါတယ်။
အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ ဇလုံတခုထဲမှာ ဂဏန်းအသား၊ ကျွဲကောသီး၊ ကြိတ်ထားတဲ့အမွှေးအရသာ တွေရယ်၊ ငံပြာရည်၊ Rice Wine Vinegar ၊ သကြားအနည်းငယ်ထည့်ပြီး သမအောင်မွှေပါ။ အရသာမြည်းကြည့် လို့ အနေတော်ပဲဆိုရင် ပန်းကန်းပြားထဲထည့်ပြီး နံနံပင်နဲ့ ပင်စိမ်းကို အပေါ်ကဖြူးလိုက်ရင် အနံ့အရသာမွှေးပြီး ချဉ်စပ်လေးနဲ့ စားကောင်းတဲ့ ထိုင်းစတိုင်ကျွဲကောသီး ဂဏန်းအသုပ် ရပါပြီ။
Ref: Food Republic