ဒီတပတ်တော့ ဂျပန်စာတမျိုးဖြစ်တဲ့ အူဒုံခေါက်ဆွဲဟင်းရည်ချက်နည်းကို ပြောပြပေးချင်ပါတယ်။ နာမည်ကျော် ဂျပန်အစားအစာတွေထဲမှာ ပါဝင်ပြီး ဆူရှီ၊ ရာမန်ပြီးရင် လူကြိုက်များတဲ့ အစားအစာလည်းဖြစ်ပါတယ်။ အသီး အရွက်၊ ငါးအသားချောင်း၊ အသားတွေကို မီဆိုအနှစ်နဲ့ရောချက်ထားတဲ့ အူဒုံခေါက်ဆွဲဟင်းရည်တခွက်က တခါ စားကြည့်ရုံနဲ့ တသက်စွဲသွားစေမယ့်အရသာပါ။
စူပါမားကတ်မှာ အလွယ်တကူဝယ်လို့ရပြီး ပုံမှန်ခေါက်ဆွဲထက် အရွယ်အစားပိုကြီးတဲ့ အူဒုံခေါက်ဆွဲကို အစိုနဲ့ အခြောက်ဆိုပြီး ၂ မျိုးရှိပါတယ်။
အူဒုံခေါက်ဆွဲဟင်းရည်ချက်ဖို့ —
အူဒုံခေါက်ဆွဲခြောက်
ကြက်ပြုတ်ရည်
မုန်လာဥနီ
မှို
အဖြူရောင်မီဆိုအနှစ်
ကြက်သွန်မြိတ် တို့လိုအပ်ပါတယ်။
အရင်ဆုံး အူဒုံခေါက်ဆွဲခြောက်ကို အထုပ်မှာပြထားတဲ့အတိုင်း ရေနွေးပွက်ပွက်ဆူတဲ့ထဲ ထည့်ပြုတ်ပြီး ရေစစ် ထားပါ။ အသီးအရွက်တွေနဲ့ ပေါ့ပေါ့ပါးပါးပုံစံပဲပြုတ်သောက်မှာဖြစ်လို့ ဖြည့်စွက်အစာတွေ အများကြီးမသုံးပါ ဘူး။ တကယ်လို့ အသား၊ ပင်လယ်စာတွေကြိုက်တယ်ဆိုရင်လည်း ထည့်နိုင်ပါတယ်။
မုန်လာဥနီ နဲ့ မှိုကို စားလို့ရမယ့်အနေတော်အရွယ် ပိုင်းဖြတ်ထားပါ။ အိုးတလုံးယူပြီး ကြက်ပြုတ်ရည်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားပါ။ ကြက်ပြုတ်ရည်ပွက်ပွက်ဆူတဲ့ထဲကို မုန်လာဥနီ အရင်ထည့်ပါ။ ၁ မိနစ်၊ ၂ မိနစ်လောက်ကြာရင် မုန်လာဥတွေနူးလာမှ မှိုကိုထည့်ပါ။ တခြားဟင်းသီးဟင်းရွက်တွေ ထည့်တာကြိုက်သေး ရင် ရွှေပဲသီး၊ ပန်းဂေါ်ဖီထုပ်တွေလည်း ထည့်လို့ရပါတယ်။
အသီးအရွက်တွေထည့်ပြီးလို့ ၁ မိနစ်လောက်ဆူအောင်တည်ပြီးရင် ဟင်းရည်ရပါပြီ။ စားမယ့်ပန်းကန်လုံးတလုံး ယူပြီး အဖြူရောင်မီဆိုအနှစ်ထည့်ပြီးရင် ဟင်းရည်ကိုပန်းကန်ထဲလောင်းထည့်ပါ။ မီဆိုအနှစ်တွေပျော်ဝင်သွား တဲ့ထိ အနည်းငယ်မွှေပေးပါ။
ဒီနေရာမှာ ဘာလို့ အဖြူရောင်မီဆိုအနှစ်သုံးရလဲဆိုရင် အရသာခပ်ပေါ့ပေါ့ ဖြစ် စေခချင်လို့ပါ။ တကယ်လို့ အရသာလေးလေးပင်ပင် ကြိုက်တဲ့သူဆိုရင် အဝါရောင် (သို့) အနီရောင်မီဆိုအနှစ် ထုပ် အသုံးပြုနိုင်ပါတယ်။
နောက်ဆုံးမှာ အူဒုံခေါက်ဆွဲထည့်၊ ကြက်သွန်မြိတ်ဖြူးလိုက်ရင် အရသာရှိတဲ့ ဂျပန်အစားအစာ အူဒုံခေါက်ဆွဲ ဟင်းရည်တခွက် ပြည့်စုံသွားပါပြီ။
Ref: Steamy Kitchen