Food

သတိမမူမိကြတဲ့ ဒိန်ချဉ်ထဲက သကြားဓာတ်များ

Want create site? Find Free WordPress Themes and plugins.

ဒိန်ချဉ်ကို ကျန်းမာရေး ဓာတ်စာတခုအဖြစ် သိထားခဲ့ကြပေမယ့် အားလုံးသိခဲ့သလို ဆိုးကျိုးမရှိဘူးလို့လည်း တထစ်ချ မပြောနိုင်ပါဘူး။ ဗြိတိသျှဆေးပညာဂျာနယ်မှာ ဖော်ပြချက်အရ ဒိန်ချဉ်အားလုံးရဲ့ ထုတ်လုပ်မှုဖော်မြူလာ မတူတာကြောင့် ကောင်းသည်၊ ဆိုးသည်ကို တန်းတူ သတ်မှတ်လို့ မရကြောင်း ရေးသားထားပါတယ်။

ပညာရှင်တွေဟာ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဒိန်ချဉ် အမျိုးအစားပေါင်း ၉၀၀ ကျော်ကို လေ့လာခဲ့ရာ ၉ ရာခိုင်နှုန်း လောက်ကပဲ ဒိန်ချဉ် ၁၀၀ ဂရမ်မှာ သကြားပါဝင်မှု ပမာဏ ၅ ဂရမ်ထက် လျော့နည်းတာကို တွေ့ရှိခဲ့ကြပါတယ်။ လေ့လာချက်မှာ ဆက်လက် ဖော်ပြထားတာကတော့ စားသုံးသူတွေဟာ ဓာတုဆေးဝါးကင်းစင်တဲ့ အော်ဂဲနစ် ထုတ်ကုန်တွေအပေါ် အပြည့်အဝ ယုံကြည်တတ်တာဟာ သတိထားသင့်တယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ သဘာဝ ဒိန်ချဉ်လို့ ခေါင်းစဉ် တပ်ထားတဲ့ထဲမှာ ဒိန်ချဉ် ၁၀၀ ဂရမ်မှာ သကြားပမာဏ ၁၃ ဂရမ်ကျော် ပါဝင်နေလို့ပါ။ ဒါဟာ သကြားခဲ ၃ ခဲနဲ့ ပမာဏ အတူတူပဲ ဖြစ်ပါတယ်။ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ဒိန်ချဉ်မှာဆိုရင်လည်း ဒိန်ချဉ် ၁၀၀ ဂရမ်မှာ သကြား ၁၀ ရမ်ကျော် ပါဝင်နေတာဟာ သတိထားရမယ့် အချက်ပါ။

ပုံမှန်ဆိုရင် အော်ဂဲနစ်ဒိန်ချဉ် ၁၀၀ ဂရမ်မှာ သကြားပါဝင်မှု ၅ ဂရမ် (သို့မဟုတ်) ၅ ဂရမ်အောက်ပဲ ရှိသင့်တာပါ။ ကလေးတွေအကြိုက် Disney ဇာတ်ကောင်ပုံတွေနဲ့ ထုတ်လုပ် ရောင်းချနေတဲ့ ဒိန်ချဉ်ဘူးတွေထဲမှာဆိုရင် ဒိန် ချဉ် ၁၁၃ ဂရမ်တဘူးမှာ သကြားပမာဏ ၁၃ ဂရမ်ထိ များပြားနေတာကို တွေ့ရှိခဲ့ကြပါတယ်။

အဆီလျော့ထားတဲ့ Low-Fat ဒိန်ချဉ်ဘူးတွေမှာတောင် သကြားပါဝင်မှု ပမာဏဟာ ၁၁၃ ဂရမ် တခါစားဘူးတွေထဲမှာ သကြား ၁၂ ဂရမ်လောက်ထိ ပါဝင်ပြီး တချို့တွေက ဒိန်ချဉ်နဲ့ Oreo လို ကွတ်ကီးမုန့်တွေ၊ M&M ချောကလက်တွေနဲ့ တွဲစားတဲ့အခါ တထိုင်တည်းနဲ့ ခန္ဓာကိုယ်ထဲ သကြား ၁၉ ဂရမ်လောက် ရောက်ရှိသွားတာဟာ နောက်ဆက်တွဲ ရောဂါ ဝင်ရောက်မှုကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။

ဒါကြောင့် ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဒိန်ချဉ်ဘူးတွေကို ဝယ်ယူတဲ့အခါ ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုတဲ့ အမြင်တခုတည်းနဲ့ သကြားပါဝင်မှု ပမာဏကို သေချာ မကြည့်ဘဲ ဝယ်ယူနေတာဟာ စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

နောက်တခါ ဒိန်ချဉ် ဝယ်တဲ့အခါ သကြားပါဝင်မှု ပမာဏကို ဂရုတစိုက် ကြည့်ပြီး ရွေးချယ် ဝယ်ယူဖို့ ပညာရှင်တွေက တိုက်တွန်းထားကြောင်း ဗြိတိသျှဆေးပညာဂျာနယ် ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

Ref: Emma Deangela

Did you find apk for android? You can find new Free Android Games and apps.
Loading