ဆံပင်ရှည်ချင်ပေမယ့် သင့်မှာ ရှိနေတဲ့ ဆံပင်ကြောင့် စိတ်ညစ်နေရတာမျိုး ဖြစ်နေပါသလား။ ဒါမှမဟုတ် ဆံပင် ရှည်နေပြီးသား ဖြစ်ပေမယ့် အဖျားတွေမှာ နှစ်ခွဖြစ်ပြီး ပျက်စီးနေတဲ့ ဆံသားကို ပိုင်ဆိုင်နေပါသလား။ အဲဒီလိုတွေ ဖြစ်နေတယ်ဆိုရင် သင့်ရဲ့ အစားစားတဲ့ ပုံစံကို ပြောင်းလဲသင့်ပါပြီ။ ကျန်းမာသန်စွမ်းတဲ့ ဆံပင်ကို ရရှိဖို့ စားသင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဟင်းနုနွယ်
ဟင်းနုနွယ်ဟာ သံဓာတ်ကြွယ်ဝပြီး ဖောလစ်အက်ဆစ်နဲ့ ဗီတာမင် အေလည်း ပါဝင်ပါတယ်။ ဟင်းနုနွယ်ကို စားခြင်းက ခန္ဓာကိုယ်ကို ကျန်းမာစေရုံမက ဆံပင်ကိုပါ သန်စွမ်းစေပါတယ်။
(၂) ကန်စွန်းဥ
ကန်စွန်းဥကို ပြုတ်ပြီး စားတာပဲ ဖြစ်ဖြစ်၊ ကြော်ပြီး စားတာပဲ ဖြစ်ဖြစ် ကန်စွန်းမှာ ဦးရေပြားကို ကောင်းမွန်စေတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေ လည်း ပါဝင်တာကြောင့် ဆံပင်ကို မြန်မြန် ရှည်စေပါတယ်။
(၃) အခွံမာသီးများ
အခွံမာသီးတွေမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်ပါဝင်တာကြောင့် ဆံပင်အတွက် အလွန် ကောင်းမွန် ပါတယ်။ အထူးသဖြင့် ဗီတာမင် အီး ပါဝင်တဲ့ ဗာဒံသီးဟာ ခန္ဓာကိုယ်အတွက်ရော ဆံပင်အတွက်ပါ ကောင်းမွန် ပါတယ်။
(၄) ထောပတ်သီး
ထောပတ်သီးဟာ အဆီဓာတ်နဲ့ ဗီတာမင်အီး ပါဝင်တာကြောင့် ဆံပင်ရှည်ဖို့ လှုံဆော်ပေးနိုင်ပါတယ်။
(၅) ကြက်ဥ
သင့်ရဲ့ ဆံပင်ကောင်းမွန်ဖို့ အတွက် ပရိုးတင်းဓာတ်လည်း လိုအပ်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ် အားနည်းနေရင် ဆံပင်ကျွတ်တာတွေ သာမန်ထက်ပိုပြီး ဖြစ်ပွားနိုင်ပါတယ်။ အဲဒါကို ကာကွယ်ဖို့ ကတော့ ပရိုတင်းကြွယ်ဝတဲ့ ကြက်ဥစားဖို့ပဲ ဖြစ်ပါတယ်။
(၆) ဂရိဒိန်ချဉ်
ရိုးရိုး ဒိန်ချဉ်နဲ့ မတူပါဘူး။ ဂရိဒိန်ချဉ်ဟာ ဗီတာမင် B5 ပါဝင်တာကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။ ဂရိဒိန်ချဉ်ဟာ ဆံပင်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေမှာလည်း ပါဝင်တတ်တာကြောင့် ဆံပင်အတွက် အလှကုန်ပစ္စည်းဝယ်ရင် ပါဝင်ပစ္စည်းတွေကို သေချာဖတ်ကြည့်သင့်ပါတယ်။
Ref : lifehack