နာနတ်သီး စားတဲ့အခါတိုင်း အရည်လည်း မရွှမ်း၊ စားရတာလည်း ခက်တဲ့ နာနတ်သီးအူတိုင်ကို လွှင့်ပစ်လေ့ ရှိကြပါတယ်။ တကယ်တော့ နာနတ်သီး တလုံးလုံးရဲ့ အာဟာရဓာတ် တော်တော်များများဟာ နာနတ်သီးအူတိုင်မှာ ပါဝင်တာကြောင့် ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေတယ်
နာနတ်သီးအူတိုင်မှာ ပါဝင်တဲ့ Bromelain ဆိုတဲ့ ဓာတ်ဟာ ကိုယ်တွင်း ရောင်ရမ်းခြင်းတွေနဲ့ အဆစ်အမြစ် နာကျင် ကိုက်ခဲခြင်းတွေကို သက်သာစေနိုင်တာကြောင့် အဆစ်ရောင်ရောဂါ ခံစားနေရသူတွေ အနေနဲ့ စားသုံးပေးသင့်ပါတယ်။
(၂) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်
နာနတ်သီးအူတိုင်မှာ ဗီတာမင်စီ ပါဝင်မှုများပြားတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ပျက်စီးနေတဲ့ ဆဲလ်တွေ ပြန်လည်ဖြစ်ပေါ်မှုကို အားကောင်းစေပါတယ်။
(၃) အနာကျက် မြန်စေတယ်
နာနတ်သီးအူတိုင်မှာ ပါဝင်တဲ့ Bromelain ဟာ ထိခိုက်ဒဏ်ရာတွေကို အနာကျက် မြန်စေတဲ့အပြင် ရောင်ရမ်းနာကျင်မှုတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ အရေပြားမှာ ဖြစ်တတ်တဲ့ နှင်းခူရောဂါ အပါအဝင် အနီစက်ထပြီး ယားယံမှုနဲ့ ဓာတ်မတည့်မှုကြောင် ယားယံခြင်းတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၄) အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်
နာနတ်သီးအူတိုင်မှာ အရိုးကို အားကောင်းစေတဲ့ သတ္တုဓာတ် Copper နဲ့ Manganese တို့အပြင် အရိုးတွေရဲ့ ဖွဲ့စည်းတည်ဆောင်မှုမှာ အဓိကကျတဲ့ Collagen ပါဝင်တာကြောင့် အရိုးကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၅) သွေးအားနည်း ရောဂါကို ကာကွယ်ပေးတယ်
နာနတ်သီးအူတိုင်မှာ သံဓာတ် စုပ်ယူမှုကို အားကောင်းစေတဲ့ Copper ဓာတ်ပါဝင်တာကြောင့် သွေးအားနည်းရောဂါ ခံစားနေရသူတွေအတွက် အထူး သင့်တော်ပါတယ်။
Ref : drhealthbenifits.com