အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်းက ကော်လဂျင် (Collagen) ထုတ်လွှတ်မှုဟာ လျော့နည်းလာပြီး အရေးအကြောင်းတွေကို ဖြစ်ပေါ်စေနိုင်တာပဲ ဖြစ်ပါတယ်။ ကော်လဂျင်ဓာတ်ဟာ အသားအရေ ၊ အရိုး၊ ကြွက်သားတွေနဲ့ သွေးကြောတွေအတွက်လည်း အထောက်အပံ့ဖြစ်စေတဲ့ ဓာတ်တမျိုးဖြစ်တာကြောင့် Collagen ဓာတ်ထုတ်လွှတ်မှုကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) မုန်လာဥနီ
မုန်လာဥနီမှာ ပါဝင်တဲ့ ဗီတာမင်အေဓာတ်ဟာ ပျက်စီးသွားတဲ့ အသားအရေဆဲလ်တွေကို ပြုပြင်ရာမှာ ထုတ်လွှတ်ပေးတဲ့ ဓာတ်ကို မြင့်တက်စေပါတယ်။ နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်တွင်းက ကော်လဂျင်ထုတ်လွှတ်မှုကိုလည်း မြင့်တက်စေနိုင်ပါတယ်။
(၂) အစိမ်းရင့်ရောင့် အသီးအရွက်များ
အစိမ်းရင့်ရောင် အသီးအရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဟင်းနုနွယ်ရွက် တို့မှာပါဝင်တဲ့ Chlorophyll ဟာ ခန္ဓာကိုယ်တွင်းက ကော်လဂျင်ထုတ်လွှင့်မှုကို မြင့်တက်စေနိုင်ပါတယ်။
(၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာပါဝင်တဲ့ Sulfur ဓာတ်ဟာ ကိုယ်တွင်းက Collagen Level ကို မျှတစေတဲ့အပြင် အသက်အရွယ်ကြောင့် ကော်လဂျင်ထုတ်လွှတ်မှု လျော့နည်းလာခြင်းကို ကာကွယ်ပေးနိုင်ပြီး ကျန်းမာစိုပြည်တဲ့အသားအရေကို ရရှိစေနိုင်ပါတယ်။
(၄) ဖရုံစေ့
ဖရုံစေ့အပါအဝင် အစေ့အဆန် တော်တော်များများမှာ ဇင့်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကော်လဂျင်ထုတ်လွှတ်မှုကို ပြန်လည်မြင့်တက်စေနိုင်တဲ့ အစားအစာတခုပဲ ဖြစ်ပါတယ်။
(၅) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာပါဝင်တဲ့ Amino Acid နဲ့ Lycopene တို့ဟာ နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားအရေဆဲလ်တွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းပေးနိုင်တဲ့အပြင် ကော်လဂျင်ထုတ်လွှတ်မှုကို မြင့်တက်စေပြီး အရေပြားကင်ဆာဖြစ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
Ref. medium.com