နွေရာသီကိုလည်း ရောက်လာပါပြီ။ ကမ်းခြေသွားတဲ့ အခါလှလှပပ ဝတ်ချင်တဲ့ ပျိုမေတွေရော သင်္ကြန် မှာ လှလှပပ ဝတ်စားချင်တဲ့ ပျိုမေတွေအတွက် လိုက်နာစရာ စည်းကမ်းတွေရှိနေပါတယ်။ ဝိတ်ချနေတဲ့ အချိန်မျာ အခုဖော်ပြပေးတဲ့ စားစရာတွေကို စားသောက်နေမယ်ဆိုရင် အလေးချိန်ကျဖို့က မသေချာပါဘူး။ ဒါကြောင့် သတိထားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) သကြား
ကိုယ်အလေးချိန် လျော့ချနေသူတွေ ဖြတ်တောက်ထားသင့်တာတခုကတော့ သကြားပါပဲ။ သကြားပါဝင်မှုများ တဲ့ ဖျော်ရည်၊ ကွတ်ကီး နဲ့ သကြားလုံးတွေကို မစားဖို့ လိုအပ်ပါတယ်။ သာမန် ဖျော်ရည် တဘူးမှာ သကြား စားပွဲတင်ဇွန်း ၈ဇွန်းပါဝင်ပြီး ကယ်လိုရီ ၇၀ကျော် ပါဝင်ပါတယ်။ အဲဒီ ကယ်လိုရီကို ပြန်လည်လောင်ကျွမ်းဖို့ ဆိုရင် မိုင်ဝက်ခန့် လမ်းပြန်လျှောက်ဖို့ လိုအပ်ပါတယ်။
(၂) အချဉ်ဘူးများ
သကြားပါဝင်မှုဟာ သိုလှောင်ထားတဲ့ အစားအသောက်တွေမှာလည်း များပါတယ်။ ကိုယ်အလေးချိန်လျော့ချဖို့ အရွက်သုတ် စားတယ်ဆိုပေမယ့် အရွက်သုတ်ထဲကို ထည့်တဲ့ ပစ္စည်းတွေမှာ အဆီတွေ များမနေဖို့ လိုအပ်ပါသေးတယ်။ ဒါကြောင့် သင်အသုံးပြုတဲ့ Ketchup, Barbeque Sauce တွေကိုပါ သတိထားပြီး စားသုံးသင့်ပါတယ်။ ဝက်အူချောင်း၊ ကြက်အူချောင်း နဲ့ သံဘူးထဲမှာ ထည့်ထားတဲ့ အသားတွေကိုလည်း လုံးဝမစားသင့်ပါဘူး။
(၃) ဆီကြော်မုန့်များ
ဘယ်ဆီနဲ့ပဲ ကြော်တဲ့ အကြော်ဖြစ်ပါစေ၊ ဆီကြော်တွေကို လုံးဝ မစားသင့်ပါဘူး။ ဆီကြော်မုန့်တွေ စားခြင်းဟာ ခါးတဝိုက်မှာ အဆီတွေကို ပိုမိုဖြစ်စေပြီး လောင်ကျွမ်းဖို့ ခက်ခဲပါတယ်။ ဆီကြော်မုန့်တွေဟာ တခုနဲ့ မတင်းတိမ်နိုင်တဲ့ အတွက် မစားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
(၄) ပေါင်မုန့်
ဂျုံဖြူနဲ့ ဖုတ်ထားတဲ့ ပေါင်မုန့်တွေဟာ လူကို ပိုပြီး ဝစေပါတယ်။ ပေါင်မုန့် အဖြူ ၂ချပ်ကို နေ့တိုင်းစားခြင်းဟာ ကိုယ်အလေးချိန် တက်ဖို့ ၇၀ ရာခိုင်နှုန်းသေချာပါတယ်။ ဒါကြောင့် ဝိတ်ချနေတယ်ဆိုရင် ဂျုံနဲ့ လုပ်ထားတဲ့ စားစရာတွေကို တတ်နိုင်သလောက် မစားဖို့ လိုပါတယ်။
(၅) အရက်များ
ကိုယ်အလေးချိန် လျော့ချဖို့ ကြိုးစားနေသူတွေဟ အရက်၊ ဘီယာ စတာတွေကို လုံးဝ မသောက်သင့်ပါဘူး။ ဘီယာကြောင့် ဖြစ်တဲ့ ဗိုက်ဟာ ပိုပြီး ပူတယ်ဆိုတာကို အားလုံးသိပြီး ဖြစ်မှာပါ။ ဘီယာမှာ ကယ်လိုရီ များစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်လျော့ချစေချိန်မှာ ရှောင်ထားသင့်ပါတယ်။
Ref; nutrition