ကိုယ်အလေးချိန်လျော့နေသူတယောက်အတွက် အစားအသောက် ပြင်ဆင်ချက်ပြုတ်ရတယ်ဆိုတာ မလွယ်ပါ ဘူး။ ဝိတ်တက်စေမယ့် အစားအစာတွေကို ရှောင်ပြီး ကျန်းမာရေးညီညွတ်အောင် ဂရုစိုက်ရသလို၊ သူတို့နဲ့ သင့်တော်မယ့် အစားအစာတွေကို နေ့တိုင်း ရိုအီမသွားရအောင် စဉ်းစားရပြန်ပါတယ်။
ဒီတပတ်အတွက် ဟင်းချက်နည်းကို ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အရသာလည်းဆန်းမယ့်အပြင် ချိုချဉ်စပ် အရသာ လည်းပါအောင် ကြက်သားထောပတ်သီးချဉ်စပ်ဟင်းရည်ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ထောပတ်သီးဆို ဒီအတိုင်း စားကြပေမယ့် နောက်ပိုင်း အပြောင်းအလဲဖြစ်အောင် သုပ်စားတာမျိုးတွေ လုပ်စားကြပါတယ်။
ဝိတ်ချသူတွေအတွက် အရသာဆန်းစေမယ့် ကြက်သားထောပတ်သီးချဉ်စပ်ဟင်းရည်ချက်ဖို့ —
ကြက်ပြုတ်ရည်
ကြက်ရင်ဖုံသား
သံလွင်ဆီ
ကြက်သွန်နီ
သံပရိုသီး
နံနံပင်
ကြက်သွန်မြိတ်
ငရုတ်ကောင်း
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ထောပတ်သီး တို့လိုအပ်ပါတယ်။
အရင်ဆုံး ထောပတ်သီးကို ထက်ခြမ်းခြမ်းပြီး အသားတွေကို အနေတော် အတုံးလေးတွေ တုံးထားပါ။ ကြက်ရင်ဖုံ အသားတွေကို နွှင်ထားပါ။ ဟင်းရည်ချက်ဖို့ အိုးတလုံးထဲကို ကြက်ပြုတ်ရည်ထည့်ပြီး ဆူအောင်တည်ပါ။
တဖက်မှာလည်း ဒယ်အိုးထဲကို ဆီထည့်ပါ။ ဆီပူလာရင် နွှင်ထားတဲ့ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူတို့ကို ၅ မိနစ်လောက် ဆီသတ်လိုက်ပါ။
ပြုတ်ထားတဲ့ ကြက်ပြုတ်ရည်အိုးထဲကို ငရုတ်သီး၊ ငရုတ်ကောင်း အနည်းငယ်ထည့်ပါ။ ပြီးရင် ဆီသတ်ထားတဲ့ ကြက်သားနဲ့ ကြက်သွန်နီတွေကို အိုးထဲကို ရောထည့်လိုက်ပါ။ အရသာမြည်းကြည့်ပြီး အနေတော်ပဲဆိုရင် စား မယ့် ပန်းကန်းလုံး ထဲထည့်ပါ။ နောက်ဆုံး ဟင်းရည်ထဲကို သံပရိုသီးလေးညှစ်ထည့်၊ နံနံပင်နဲ့ လှီးထားတဲ့ ထောပတ်သီးတွေ ထပ်ထည့်လိုက်ရင် ချဉ်စပ်အရသာ ကြက်သားထောပတ်သီးဟင်းရည်တခွက် ရပါပြီ။
Ref: Allrecipes