Food

ကလေးတွေအကြိုက် ကြက်သား လက်ညှိုးချောင်းကြော် လုပ်စားရအောင်

Want create site? Find Free WordPress Themes and plugins.

ကလေးတွေအတွက် အစားအသောက် ပြင်ဆင်ရတယ်ဆိုတာ မိခင်တွေအတွက် လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ နေ့စဉ် ချက်ပြုတ်မယ့်ဟင်းတွေကို ကလေးတွေ စားချင်လာအောင်၊ သူတို့ကြိုက်မယ့် အရုပ်ပုံလေးတွေ ပုံဖော်ရ၊ အာဟာရဖြစ်မယ့် အစားအသောက်ဆိုလည်း စားချင်အောင် နည်းလမ်းမျိုးစုံ သုံးပြီး ပြင်ဆင် ချက်ပြုတ်နေရတဲ့ မေမေတို့အတွက် အမြင်ဆန်းပြီး ကလေးတွေလည်း ကြိုက်မယ့် ကြက်သား လက်ညှိုးချောင်းကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ကြက်သား လက်ညှိုးချောင်းကြော်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ —

ကြက်ရင်ဖုံသား
နွားနို့
ရှာလကာရည်
ကြက်ဥ
ငရုပ်ကောင်းမှုန့်
ဆား
ဂျုံမှုန့်
ပြောင်းဖူးကော်မှုန့်
မုန့်ဖုတ်ဆိုဒါ
Paprika
Thyme
ကြက်ပြုတ်ရည်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ကြက်ရင်ဖုံသားကို သန့်စင်အောင် ဆေးကြောပြီး လက်ညှိုးအရွယ် အချောင်းလေးတွေ ပိုင်းဖြတ်ထားပါ။ ပိုင်းဖြတ်ထားတဲ့ ကြက်သားကို ပန်းကန်လုံး တလုံးထဲ ထည့်ပြီး ဆား၊ ငရုပ်ကောင်း ဖြူးပြီး အရသာ သွင်းထားပါ။

ပန်းကန်လုံး တလုံးယူပြီး နွားနို့နဲ့ ရှာလကာရည် အနည်းငယ်ကို ရောမွှေပေးပါ။ ပျစ်လာပြီဆိုရင် ကြက်ဥဖောက် ထည့်မွှေပြီးရင် ဖယ်ထားပါ။ နောက်ထပ် ခွက်တခုထဲမှာ Thyme၊ Paprika၊ ငရုပ်ကောင်း၊ ဆား၊ ဂျုံမှုန့်၊ ပြောင်း ဖူးကော်မှုန့်နဲ့ မုန့်ဖုတ်ဆိုဒါတို့ကို ရောမွှေ ပြီး အရသာ အနေတော်ပဲဆိုရင် ခဏ ဖယ်ထားပါ။

အားလုံးပြင်ဆင်ပြီးပြီဆိုရင် ကြက်သား စကြော်လို့ ရပါပြီ။ အရင်ဆုံး လက်ညှိုးအရွယ် ကြက်သားချောင်းတွေကို နွားနို့ခွက်ထဲကို စိမ်လိုက်ပါ။ ပြီးရင် ဂျုံမှုန့်ခွက်ထဲကို ထည့်ပြီး ဆီပူအိုးထဲကို ထည့်ကြော်ပါ။ နီညိုရောင်သမ်း လာပြီဆိုရင် အိုးထဲက ချပြီး အဆီစုပ်စက္ကူနဲ့ ဆီစစ်ထားပါ။

ကြော်ထားတဲ့ ဆီတွေကို ခပ်ထုတ်လိုက်ပြီး လက်ကျန်ဆီနဲ့ ကြက်ပြုတ်ရည်ထည့်ပြီး လက်ကျန် ဂျုံမှုန့်အနှစ် အနည်းငယ်ကို ပျစ်သွားအောင် ထည့်ပါ။ ကြက်ပြုတ်ရည်တွေ ပျစ်လာပြီဆိုရင် ကြော်ထားတဲ့ ကြက်သားကို ထည့်ပြီး ဆား၊ ငရုပ်ကောင်းမှုန့် အနည်းငယ် ထပ်ထည့်ကာ အရသာ မြည်းကြည့်လို့ အဆင်ပြေပြီဆိုရင် အလွယ်တကူ ချက်ပြုတ် ပြင်ဆင်နိုင်သလို အမြင်လည်း ဆန်းတဲ့ ကြက်သား လက်ညှိုးချောင်းကြော် တပွဲ ရပါပြီ။

Ref: Yummy

Did you find apk for android? You can find new Free Android Games and apps.
Loading