Food

အသက် ၁၁၄ နှစ် အဘိုးအို ပြန်လည်မျှဝေခဲ့တဲ့ အသက်ရှည် ကျန်းမာစေတဲ့ အစားအစာ ၅ မျိုး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စစ်တမ်းတွေအရ ဒီနေ့ခေတ်မှာ လူသားတွေရဲ့ သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၇၂ နှစ် ဝန်းကျင်ခန့်သာ ရှိတယ်လို့ ဆိုပါတယ်။ အသက်ရှည် ကျန်းမာမှုအတွက် လျှို့ဝှက်ချက်ဆိုတာ တသီးတသန့် မရှိပေမယ့် ပုံမှန်စားနေကျ အစားအစာတွေထဲက တချို့ကတော့ အသက်ရှည် ကျန်းမာမှုအတွက် အထောက်အကူ ဖြစ်စေမှာပါ။

အသက် ၁၁၄ နှစ် အရွယ်အထိ အသက်ရှည်ရှည် ကျန်းမာရေးကောင်းမွန်စွာနဲ့ နေထိုင်နိုင်တဲ့ Bernando LaPallo ဆိုတဲ့ အဘိုးအိုဟာ သူ့ရဲ့နေ့စဉ် စားသောက်မှုပုံစံမှာ သဘာဝ အသီးအနှံတွေကိုသာ အဓိက ပါဝင်အောင်စားသုံးပြီး အခုဖော်ပြမယ့် အစားအစာ ၅ မျိုးကတော့ သူ့ကို ကျန်းမာရေး ကောင်းမွန်စေတဲ့ Special Food တွေပဲ ဖြစ်ပါတယ်။

(၁) သစ်ကြံပိုးခေါက်

ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါ အသုံးပြုလေ့ရှိတဲ့ သစ်ကြံပိုးခေါက် ဟာဆိုရင် နှလုံးရောဂါ ၊ ကင်ဆာရောဂါနဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ပေါ်တဲ့ ကူးစက်ရောဂါတွေကိုပါ ကာကွယ်နိုင်စွမ်း ရှိတာကြောင့် နေ့စဉ်စားသုံးတဲ့ ဟင်းလျာတွေထဲမှာ သစ်ကြံပိုးခေါက်ကို ပါဝင်ထည့်သွင်း စားသုံးလေ့ ရှိတယ်လို့ ဆိုပါတယ်။

(၂) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အသက်အရွယ်ကြောင့် မှတ်ဉာဏ် ဆုံးရှုံးခြင်းအပါအဝင် အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ရာသီအလိုက် ဖြစ်တတ်တဲ့ တုပ်ကွေးဖျားနာတွေကိုပါ ကာကွယ်နိုင်စွမ်းရှိပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေပျောက်စေနိုင်ပါတယ်။

(၃) ပျားရည်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြတဲ့ ပျားရည်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ Antibacteria နဲ့ Antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် ရောဂါအမျိုးမျိုးကနေ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

(၄) သံလွင်ဆီ

သံလွင်ဆီစစ်စစ်ဟာ ကျန်းမာရေးအတွက် လုံးဝ စိတ်ချရတဲ့ ဆီတမျိုးဖြစ်ပြီး အဆင့် ၂ အမျိုးအစား ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

(၅) ချောကလက်

ချောကလက်စားသုံးခြင်းဟာ ခန္ဓာကိုယ်တွင်းက ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေတာကြောင့် အဆာပြေ သရေစာအဖြစ် စားသုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

အသက် ၁၁၄ နှစ် အရွယ်အထိ အသက်ရှည်ကျန်းမာနေတဲ့ အဘိုးအို Bernando ဟာ သူ့တသက်တာမှာ တခါမှ ကြီးကြီးမားမား ဖျားနာတာမျိုး မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ အသားတွေနဲ့ အသင့်စား အစားအစာတွေကို လုံးဝ မစားသုံးဘဲ ကျန်းမာရေးအတွက် မနက်တိုင်းလမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်လေ့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref. brightside.me

Loading