တခြားနိုင်ငံက နိုင်ငံခြားသား ခရီးသွားတွေနဲ့ Travel Blogger တွေ မြန်မာနိုင်ငံကို လာတဲ့အခါ မဖြစ်မနေ စားသုံးသင့်တဲ့ အစားအစာတွေကို Food Blogger တွေက ညွှန်းဆိုလေ့ရှိကြပြီး အခုဖော်ပြမယ့် အစားအစာတွေကတော့ စစ်တမ်းကောက်ယူချက်တွေအရ ကမ္ဘာလှည့်ခရီးသည်တွေ အစားများပြီး အကြိုက်တွေ့ကြတဲ့ မြန်မာအစားအစာတွေပဲ ဖြစ်ပါတယ်။
(၁) မုန့်ဟင်းခါး
မြန်မာနိုင်ငံရဲ့ နေရာဒေသ တော်တော်များများမှာ ရနိုင်ပြီး မြန်မာနိုင်ငံသားတွေလည်း နှစ်ခြိုက်စွာ စားသုံးကြတဲ့ မြန်မာ မုန့်ဟင်းခါးဟာ ဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးကြိုက်နှစ်သက်ကြတဲ့ မြန်မာ့အစားအစာ တမျိုးပဲ ဖြစ်ပါတယ်။
(၂) ရှမ်းခေါက်ဆွဲ
တရုတ်လူမျိုးတွေရဲ့ ခေါက်ဆွဲနဲ့ မတူဘဲ တမူကွဲပြားခြားနားနေတဲ့ ရှမ်းလူမျိုးတွေရဲ့ ရိုးရာအစားအစာ ရှမ်းခေါက်ဆွဲဟာဆိုရင်လည်း နိုင်ငံခြားသားတွေ မြန်မာနိုင်ငံ ရောက်တဲ့အခါ မစားမဖြစ် စားလေ့ရှိကြတဲ့ အစားအစာ တမျိုးပါ။
(၃) အကြော်စုံ
ဈေးတန်တန်နဲ့ အရသာရှိရှိ စားရတဲ့ အကြော်စုံံ ပူပူနွေးနွေးဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေ အကြိုက်တွေ့ကြတဲ့ အစားအစာတမျိုးဖြစ်ပြီး အကြော်စုံနဲ့ တွဲဖက်စားရတဲ့ အချဉ်ရည်ဟာဆိုရင်း သူတို့အတွက်တော့ အထူးအဆန်းတမျိုး ဖြစ်နေတာပါ။
(၄) မြန်မာ ထမင်းဟင်း
အသား ငါး၊ အသီးအရွက်နဲ့ အရည်သောက်၊ ငပိတို့စရာ စသဖြင့် စုံစုံလင်လင် စားသောက်ရတဲ့ မြန်မာထမင်းဟင်းကိုလည်း နိုင်ငံခြားသား ခရီးသွားတွေ နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ ရှိကြပါတယ်။
(၅) လက်ဖက်သုပ်
လက်ဖက်ခြောက်ကို ရေနွေးကြမ်းအနေနဲ့သာ သောက်သုံးဖူးတဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက်တော့ မြန်မာတွေရဲ့ လက်ဖက်ကို သုပ်စားကြတဲ့ လက်ဖက်သုပ်ဟာ တမျိုး ထူးဆန်းနေတာပါ။ ဧည့်သည် လာတဲ့အခါ လက်ဖက်နဲ့ တည်ခင်းဧည့်ခံတဲ့ မြန်မာ့ဓလေ့ကို အထူးပဲ နှစ်သက်ကြပြီး ထမင်းစားပြီးတဲ့အခါ လက်ဖက်စားကြတဲ့ အလေ့အထကိုလည်း အလွန် သဘောကျကြတာကြောင့် လက်ဖက်သုပ်ဟာ ကမ္ဘာလှည့်ခရီးသည်တွေကြား အစားများကြတဲ့ မြန်မာ့အစားအစာတမျိုး ဖြစ်ပါတယ်။
Ref. theculturetrip.com